Final Part V_K 25

10.4K 521 42
                                    

Unicode

"Director Jeon...
မိုးတွေရွာနေလို့..ဦးလေး
ထီးသွားယူလိုက်ဦးမယ်...
ခဏလေးစောင့်.."

Driver ဦးလေးကြီးကို
ခေါင်းတစ်ချက် ငြိမ့်ပြရုံသာ

Diver ဦးလေး Company ထဲ ပြန်ဝင်ပြီး
ထီးသွားယူနေစဉ်
Company ရှေ့ မှာ ဘဲ
မတ်တပ်ရပ်စောင့်နေမိသည်..

ကောင်းကင်ကို မော့ကြည့်မိတော့
ညိုအုံ့နေဆဲပင်
တစ်နေကုန်များ ရွာမှာလား..

မိုးစက်လေးတွေ တဖျောက်ဖျောက်ကျတိုင်း
နှလုံးသားတစ်ခုလုံး ပဲ့ကြွေကြမတက်
မိုးကို အရမ်းချစ်ခဲ့ဖူးသည်လေ
မိုးကြောင့်..နှစ်ယောက်အတူတူ
ထီးဆောင်းခွင့်လေး..

မိုးရေတွေအောက်မှာ..နမ်းခဲ့ဖူးတဲ့ အနမ်းတွေ
ရင်ဘတ်နဲ့မဆန့်အောင်..
hyung ကို လွမ်းတဲ့စိတ်တွေ
လျှံထွက်လာပြီ..

လက်တစ်ဖက်ကို ရှေ့သို့ ထုတ်ပြီး
လက်ခုံကလေးကိုကွေးကာ...
မိုးစက်လေးတွေကို လက်ထဲသို့ကျစေသည်

လက်နဲ့ထိလိုက်တာနဲ့ အေးသွားတဲ့ ခံစားမှု
အပြုံးတစ်ပွင့်က မျက်နှာမှာ ပန်ဆင်လျက်
မျက်လုံးတွေ မှိတ်ကာ မိုးနံ့သင်းနေတဲ့
အနံ့အသက်တို့ကို
တစ်ဝကြီးရှုရိုှိက်မိသည်..

မနက်ဖြန်မှ Hyung ကိုသွားတွေ့ရမယ်...
အမှန်ဆို ဒီနေ့ သွားတွေ့မဲ့ရက်
အလုပ်တွေများနေတာကြောင့်
သွားမတွေ့မိ
တောင်းပန်ပါတယ် Hyung
နောက်နေ့ တစ်ရက်လုံး
Hyung နဲ့ အတူနေပေးပါ့မယ်

"Director Jeon ကားအဆင့်သင့်ဖြစ်နေပါပြီ"

"Nae"

အသက်၃၀ကျော်သာ ရှိသေးပင်မဲ့
Director နေရာကို
တာဝန်ကျေအောင်လုပ်နေရသူ

TaeHyung တုန်းကလို
အသက်ငယ်ငယ်လေးနဲ့
တာဝန်ယူနိုင်ခဲ့ပင်မဲ့

Jungkook အတွက်တော်တော့်ကို
ခက်ခဲတဲ့နေရာ
တစ်နေရာ ဖြစ်ခဲ့သည်

Taehyung တုန်းက အသေးစိတ်ကအစ
သေချာ အစီအစဉ်တကျ ဖြစ်ပင်မဲ့
Jungkook တစ်နှစ်လောက်တော်တော်လေး
ရုန်းကန်ခဲ့ရသည်..

Jungkook နည်းတူ CEO နေရာကို
တာဝန်ယူရတဲ့
SeokJin အတွက်လဲ
တော်တော်လေးခက်ခဲခဲ့ကြသည်
အပြိုင်အတိုင်တွေကြားထဲ
ရှင်သန်ရတဲ့နေရာ
တစ်ခါတစ်လေ မွန်းကြပ်လွန်းလို့
ထွက်ပြေးချင်စိတ်ပေါက်ပါသည်..

အိမ်မက်ပန်းချီ(Vkook) Completed(Zawgyi/Unicode)Where stories live. Discover now