V_K Part 21

4.2K 324 2
                                    

Unicode

ညက အကျီကို ဖရိုဖရဲ ​ကောက်​စွတ်​ကာ...

မီးဖို​ချောင်​လေးထဲတွင်..
Hyung အတွက် မနက်စာ
ပြင်​​ပေးထားမယ်​လို့
ဆုံးဖြတ်​မိလိုက်​သည်​..

သူဘယ်သောအခါမှ Hyung အတွက်လုပ်​မ​ပေးမိ..
မြင်မြင်သမျှ အရာအားလုံးက သူ့အတွက် ချစ်စရာတွေကြီး
ဖြစ်လို့နေသည်

...အိပ်ပုတ်ကြီးတဲ့ သူ့ကို
ရုံးသွားတိုင်း မနက်စာ လာပြင်ပေးရတာ hyung

အိမ်တိုင်ရာရောက် Service ပေးတဲ့
အကြိုအပို့သမားကြီးဖြစ်နေတဲ့ hyung အတွက်

ဒီလို မနက်စာပြင်ပေးဖူးတာ
ပထမဆုံးအကြိမ်...

စိတ်ထဲ ကြည်နူးသလိုလို....
ညားခါစ စုံတွဲ လို ခံစားမှုနဲ့
သိပ်ကို... ချစ်စရာကောင်းနေတဲ့ မနက်ခင်းကြီးရယ်..
ဒီလိုနေ့မျိုး နေ့တိုင်းဖြစ်ခွင့်ရရင်.. ဘဝ ကြီးက
နတ်ပြည်ဘဲ...

​ပေါင်​မုန်​့ မီးကင်​ကာ Nutella ဗူးကိုဖွင်​့
ပြီး ​ပေါင်​မုန်​့မီးကင်​​ပေါ်သုတ်​..

ငှက်​​ပျောသီးကို
အဝိုင်​းပုံသဏ္႑န်အကွင်း​လေး​တွေလှီးကာ

​ပေါင်​မုန်​့​ပေါ်တင်​လိုက်သည်...

ပန်​းကန်လှလှ​လေးထဲ ထည်​့ကာ
...​ကော်​ဖီကို နှစ်​ယောက်စာ ဖျော်လိုက်သည်..

ရုံးပိတ်​ရက်​လဲ ဖြစ်​တာ​ကြောင်​့
နှစ်ယောက်​စလုံး အတွက် ​အပူအပင်မရှိတဲ့နေ့လေး...

နာရီကိုမော့ကြည့်မိတော့...10 နာရီ..
ခုထိ အိပ်​ယာ မထ​သေးတဲ့
လူကြီးကို သွားနိုးဦးမှ...

အခန်းဝကနေ...ခြေသံမကြားအောင် ကုတင်ဘက်ကို
ဖွဖွလေးလျှောက်လာကာ..
အသဲတွေ ပဲ့ကြွေမတက် ချစ်ရပါသော Hyung

Taehyung တစ်ယောက် ကုတင်ပေါ်တွင်
​အ​ပေါ်ပိုင်​းအဝတ်မပါ
အောက်ပိုင်းကိုတော့
​စောင်​တစ်​ဝက်​ ခြုံထားလျက်​
Jungkook အိပ်​ထားခဲ့တဲ့
​ခေါင်​းအုံးကို ရင်ခွင်ထဲထည့်ဖက်ထားသည်...

အပြင်ပန်းကသာ Gentleman လုံးလုံး
အိပ်နေရင်... တစ်ကယ့်ကလေးတစ်ယောက်ပုံစံ..
ပုစွန်ထုပ်လေးလို ကွေးကွေးလေး...

အိမ်မက်ပန်းချီ(Vkook) Completed(Zawgyi/Unicode)Where stories live. Discover now