V_K Part 2

7.4K 559 8
                                    

Unicode

မိုးကသဲကြီးမဲကြီးရွာနေတုန်း

ကျောင်းကလဲမသွားလို့မဖြစ်
စာမေးပွဲနီးတော့ စာတွေလွတ်ကုန်မှာ

နွေရာသီဖြစ်စေ မိုးရာသီဖြစ်စေ
ဘယ်တော့မဆို ထီးကို
ကိုယ်နဲ့မကွာ ဆောင်ထားတာ

ဒီနေ့ကျမှ ထီးယူဖို့ မေ့ခဲ့တာ
မနက်ထဲက Appa ပွားနေလို့ မနက်စာတောင်မစားဘဲ
ထွက်လာတာ အိမ်ပြန်ယူရင်လဲ ဆူဦးမယ် ပိုက်ဆံအိတ်ပါကျန်ခဲ့တော့......
​အေးရော

Bus ကား မှတ်တိုင်လေးမှာ မိုးဘယ်တော့တိတ်မလဲဆိုတာကို ကျုံ့ကျုံ့လေးထိုင်စောင့်နေရတယ်​

ကျောင်းနဲ့ အိမ်ကို ​စောရင်​​စောသလို အမြဲလမ်းလျှောက်လာတာ
တစ်​ခါတစ်​​လေbus ​ပေါ့
ဒီနေ့လမ်းတစ်ဝက်​ ရောက်မှ

Jk :: "မိုးရယ် ရက်စက်လိုက်တာ
ဒီနေ့ကျမှ နှစ်၈၀ လောက်မရွာထားရသလို ဘာလို့အသဲအသန် ရွာနေရတာလဲကွာ tsk"

Taxi လဲငှားမရ ဖုန်းဆက်မယ်
ကျန်တော့လဲ ညကGame ​ဆော့ပြီး
အိပ်​​ပျော်​တာ ဖုန်းအားပြန်မသွင်းမိ

ကိုယ့်ကိုယ်လဲဒေါသထွက်
မိုးကလဲ တော်တော်နဲ့မတိတ်
လေပါတိုက်တော့
အမိုးအောက်မှာနေလဲ မိုး​ရေစင်နေတော့တာပေါ့
တစ်ချက်တစ်ချက် လေအေးတိုက်လိုက်ရင် ချမ်းလို့ တုန်တုန်တက်သွားသေး

Jk :: "ဟပ်ချိ ဟပ်ချိ Aish ငါတော့ဖျားတော့မှာဘဲ
ကျောင်းကလဲတက်ခါနီးနေပြီ မိုးရယ် Jelpa တိတ်ပါတော့ "

အဲ့ဒီ့အချိန်​ အမိုး​အောက်​ကို
လူ​တစ်​​ယောက်​ဝင်​လာသည်​

"ထီးမပါလာလို့လား?"
ထွက်လာတဲ့အသံသြသြ
မိုးသံ​တွေကြားထဲ ​သဲသဲကွဲကွဲ
မကြားရ

ထိုင်​လျက်​မို့ မော့မကြည့်မိ
ဖုန်​း​ပြော​နေတာဘဲဖြစ်လိမ့်မည်မို့ မသိချင်ယောင်ဆောင်နေမိသည်​

"ဒီမှာ ဒီမှာ !! "
someone POV : ငါပြောတာမကြားတာလား

ကျွန်​​တော့်​​ရှေ့မှာလာရပ်နေတဲ့
sneakerဖိနပ်အဖြူတစ်စုံ နဲ့ ထိုလူ့
လက်​မှာကိုင်ထားတဲ့ အပြာရင့်ရောင်ထီး

အိမ်မက်ပန်းချီ(Vkook) Completed(Zawgyi/Unicode)Where stories live. Discover now