Part-4

3K 207 5
                                    

"​တောက်​!!!"

"မင်းတို့​ပြောတာ .... အမှန်​ဘဲလား "

"မင်းကို ငါတို့က ဘာလို့လိမ်​ရမှာလဲ chan ရာ"

Tao နဲ့ Chen တို့ ​ပြောပြတဲ့ baby အ​ကြောင်း​တွေ ​ကြောင့်​ Chanyeol နှလုံး​သွေးတို့ပွက်​ပွက်​ ဆူလာသည်

"ဒါသက်​သက်​မဲ့ယုတ်​မာတာ ....လူတ​ယောက်​ကို ​ငွေနဲ့အပိုင်​ သိမ်းလို့ရသလားကွာ"

"မင်းစိတ်​​လေးကို နည်းနည်း​လျော့ chan မင်းစိတ်​ထင်​တိုင်းပွဲသွားကြမ်းလို့ ရမယ့်​ထဲမှာ Wu Kris မပါဘူး Chan"

"Tao ​ပြောတာမှန်​တယ်​..."

Chen က ၀င်​​ထောက်​ခံ​ပေးသည်

"ဒါဆို ငါ.. ငါ ဘာလုပ်​ရမလဲကွာ baby ကိုသူများလက်​ထဲ .....အပါမခံနိုင်​ဘူးကွာ "

"သိပ်​ချစ်​တာဘဲလား ....chanyeol ရာ "
ဂရုနာသက်​သလို Chanyeol ပခုံးကိုပုတ်​ပြီး​မေးလာတဲ့ Tao ..

"သိပ်​ချစ်​တာ.. မဟုတ်​ဘူး!...baby ကလွဲရင်​ ဘယ်​သူ့မှ မမြင်​နိုင်​​တော့တာ "...

Chen နဲ့ Tao တ​ယောက်​ မျက်​နှာ တ​ယောက်​ကြည့်​ပြီး ​ခေါင်းသာရမ်းမိတယ်​ Chanyeol ဒီလိုဖြစ်​တာ ပထမဆုံးဘဲ ​ကျောင်းက အ​ချောအလှများနဲ့ မပတ်​သတ်​ဘူး ဆိုတာမရှိရ​လောက်​​အောင်​ ​ပွေ​လွန်း ရှုတ်​လွန်းတဲ့ သူတို့သူငယ်​ချင်းကို ဟို​ကောင်​​လေးက ပြန်​စဉ်းစားပါ့မလား

Kris ဆိုတာနဲ့ စီးပွား​ရေး​လောက မှာသာမက အနုပညာ အသိုင်းအ၀ိုင်း​တွေထိ ​အောင်​မြင်​​နေတဲ့ သူ​ဌေးတဦး မိန်းမ အရှုပ်​အရှင်းကင်းပြီး ရုပ်​ရည်​ဆိုလည်း ​ပြောစရာ မရှိ​အောင်​ ​ချော​မော​ပြေပြစ်​သည်​ အဲ့လို သူနဲ့ ဟိုက​လေးက မင်းကိုယှဉ်​ပြီးစဉ်းစား​ပေးပါ့မလား ကွာ မင်းအတွက်​ ငါတို့ရင်​​လေးတယ်​ Chan

💔💔💔💔💔💔💔💔💔

ဘာလိုလိုနဲ့ Sehun ​တောင်​ဒီအိမ်​​ရောက်​ တာတပတ်​ရှိပြီ တပတ်​အတွင်း က​လေး ကျ​နော့်​အ​ပေါ်ပို ခင်​တွယ်​လာသည်

"လူကြီး....."တမင်​အသံကို ဆွဲ​ခေါ်ပြီး ကျ​နော်
အလုပ်​လုပ်​​နေတဲ့ အခန်းထဲဝင်​လာတဲ့ .. ကျ​နော့်​အသည်းအသက်​​လေး

အချစ်ဆိုသည့် ထိုအရာ{ Completed }Where stories live. Discover now