Part-27

2.5K 172 54
                                    


Sehun နိုးလာတော့ သူ့လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့ နွေးထွေးမှုကို ခံစားနေရသည်။မျက်လုံးတွေကို ဖွင့်ဖို့တောင် ကျိန်းစက်နေတာကြောင့် ခဏအားယူနေလိုက်သည်။

*မင်းကို အစထဲကမချစ်ခဲ့ဘူး!! ကိုကို့ အဝေးကိုရောက်အောင်ပို့ချင်ခဲ့တာ ငါ့စိတ်ရင်းအမှန်! မင်းကို ကားနဲ့တိုက်ခဲ့တာလည်း ငါဘဲ!! *

နှုတ်ခမ်းကို ကိုက်ကာထိန်းထားတဲ့ကြားက မျက်ရည်တွေက ဖြေမဆည်နိုင်အောင်ကျလာရပြန်သည်။ကျနော် ခင်ဗျားကို မုန်းဖို့ မေ့နိုင်ဖို့အတွက် ကြိုးစားတော့မယ်။သိပ်ချစ်ခဲ့တယ် ခင်ဗျားရဲ့ အပြုံးလေးတချက်နဲ့တင် ကျနော့်အိပ်မက်တွေခမ်းနားခဲ့ဖူးတယ်။
အခုက စပြီး ni ni ကိုမုန်းတော့မယ်.....ကျနော်အရမ်းပင်ပန်းနေပြီ....

မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့...ကုတင်ပေါ်မှာခေါင်းလေးစောင်းပြီး အိပ်နေတဲ့ ကိုကို။
ကျနော့်လက်တွေကိုတော့ မလွတ်တမ်းဆုပ်ကိုင်ထားဆဲ.....ကျနော်ဘာလို့များ ကိုကို့ ကိုမချစ်နိုင်သေးရတာလဲ??
ကျနော်ရဲ့ မျက်ရည်တွေအတွက် နားခိုရာ...ကိုကို့ရင်ခွင်က ကျနော့်အတွက်အလုံခြုံဆုံးဘဲဖြစ်မယ်ထင်ပါတယ်နော်....ကျနော် ကိုကို့ ကိုချစ်တက်အောင်သင်ပေးနိုင်မလား ကံကြမ္မာရယ်...!

"ဟင်....baby နိုးနေတာလား ကိုယ့်ကိုနိုးတာမဟုတ်ဘူး! ခေါင်းမူးနေသေးလား.."

"ကျနော် အဆင်ပြေပါတယ်...ကိုကို hunnine ဗိုက်ဆာလာပြီ "

ကျနော် အရင်လို ကိုကို့လို ပြန်ခေါ်လိုက်တော့...သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေကအံ့သြသွားဟန်။မျက်ရည်တွေတောင် စီးကျလာသည်။

"baby လေ ကိုကို့ ကိုချစ်တက်အောင်သင်ယူတော့မယ်...ဒါကြောင့် မငိုပါနဲ့တော့ ကိုကိုရယ် "

Chanyeol ရင်ထဲ အပျော်တွေအတိုင်းမသိ။နောက်ဆုံးတော့ သူ့အချစ်တွေရောင်ပြန်ဟပ်လာပြီထင်ပါရဲ့...... အချိန်တွေအား ရပ်တန့်ထားချင်တယ်။

"ကိုကို ဒါပြီးရင်...ပီဇာနဲ့ရေခဲမုန့်ထပ်မှာပေးဦးနော်..baby စားလို့မဝသေးဘူး.."

Chanyeol သူ့baby လေးနှုတ်ခမ်းလေးတဝိုက်ပေပွနေတဲ့ ဆောစ့်တွေကို သုတ်ပေးရင်း ကြည်ကြည်နူးနူးစိုက်ကြည့်နေမိသည်။ခေါက်ဆွဲပြုတ် အအေး ဘာဂါ အာလူးချောင်းကြော်တွေရော ကိုယ့်ပါးစပ်ထဲတောင်တခုမှ မရောက်လိုက်။ပီတိကို စားပြီးအားရှိနေတာကိုး။
နေပါဦး baby ဘာလို့အဲ့လောက်စားနေရတာပါလိမ့်!

အချစ်ဆိုသည့် ထိုအရာ{ Completed }Where stories live. Discover now