"ငါ.....ငါ!..သူ့ကိုပြောလိုက်တာ လွန်သွားလား??....အမှန်ဆို သူနဲ့ မှမဆိုင်တာ...."Jongin....ကောင်လေးကို နှင်ထုတ်ပြီးကာမှ စိတ်မကောင်းတော့......တကယ်ဆို ငါ့..ဒေါသတွေသူ့အပေါ်ပုံမချခဲ့သင့်ဘူး....ထွက်သွားဆိုတိုင်းထွက်သွားရလားကွာ....
ဘယ်လိုမှမနေနိုင်တော့....ကောင်လေးကို လိုက်ရှာရမယ်....မင်းကို ထပ်ပြီး နာကျင်စေမိပြီ တောင်းပန်ပါတယ်.....Sehun ရယ်~~~
"၀ုတ်.....၀ုတ်.....အူ~~~၀ုတ် ၀ုတ်...."
ခြံရှေ့ကနေ ..ခွေးဟောင်သံတွေကြောင့်..ထွက်ကြည့်လိုက်တော့........
"ဟင်.....vi vi..."
Vi vi လေးက သူ့လည်းမြင်ယောင် သူ့ဆီပြေးလာကာ.....ဘောင်းဘီ ကို ပါးစပ်နဲ့ ဆွဲပြီး...တနေရာရာကို ခေါ်နေတဲ့ပုံ....
"မင်းတယောက်တည်လား....မင်းသခင်ရော!!...hunnine ဘယ်မှာလဲ??...နောက်မှာလား..."
နောက်ကို လှမ်းကြည့်လိုက်သော်လည်း...အရိပ်လေးတောင်မတွေ့ရ...စိုးရိမ်ပူပန်မှုက မြှင့်တက်လာသည်။
Vi vi က ရုတ်တရက် ရှေ့ကနေပြေးသွားကာ...နောက်ကိုလှည့်ကြည့်ုပီး ဟောင်နေတာမို့...သူလည်း လိုက်လာခဲ့သည်။
"၀ုတ်....၀ုတ်..."
Vi vi ကထိုနေရာကိုသာ...ဟောင်နေသည်မို့ မသကာင်္လို့ သွားကြည့်လိုက်တော့....ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အခြေအနေ....ဖိနပ်ရာတွေ ကျနေသေးတာမို့ သူသဘောပေါက်လိုက်သည်...Sehun ကိုတယောက်ယောက် ခေါ်သွားပြီဆိုတာ.....
"လာ....vi vi...မင်းအိမ်ခဏစောင့်!...ငါ မင်းသခင်ကို သွားကယ်ပေးမယ်...."
Vi vi က နားလည်သည့်ဟန် အမြီးလေးတလှုပ်လှုပ်နဲ့ ...ဟောင်နေသည်။အချိန်ဆွဲမနေတော့ဘဲ...ကားယူပြီးထွက်လာခဲ့သည်။ တနေ့က မိုးရွာထားသည် မို့...မြေကြီးတွေ စိုထိုင်းထိုင်းဖြစ်နေကာ....jongin ကားဘီးယာတွေ အတိုင်းခြေရာ ခံလိုက်ခဲ့သည်။