Ep-1

21.1K 1K 55
                                    

#Unicode
Shining Star Company

ဘုန်းထည်ဝါ Companyထဲကို ကမူးရှူးထိုး ဝင်လာခဲ့သည်။ သို့သော် သူ့အား ဘယ်သူကမှှ ဂရုစိုက်ခြင်း အလျဉ်းမရှိ။ ထည်ဝါ့ခြေလှမ်းများက ဥက္ကဌရုံးခန်းရှိရာ ဦးတည်လာခဲ့သည်။

"အကို.. ဒီအတိုင်းဇွတ်ဝင်လို့မရပါဘူးရှင်။ ဥက္ကဌရဲ့ ခွင့်ပြုချက်ရမှ ဝင်လို့ရမှာပါ။
အကို အကို..."

ထည်ဝါ မည်သူ့မျှ ဂရုမစိုက်။ မည်သူပြောတာမျှ နားထဲမထည့်ပဲ ဥက္ကဌရုံးခန်းထဲသို့ ဝင်လာခဲ့သည်။

ဝုန်းခနဲ ခပ်ကြမ်းကြမ်း တံခါးဖွင့်သံနှင့်အတူ ဆောက်တည်ရာမရ ဖြစ်နေသော ဘုန်းထည်ဝါကို ဦးဘုန်းရှိန်ထက် တွေ့လိုက်ရသည်။

"အဖေလုပ်ပုံကောင်းသေးရဲ့လား? အဖေ။
အဖေ့ရဲ့စီးပွားရေးကြောင့် ဘယ်သူမှန်းမသိတဲ့သူနဲ့ လက်ထပ်ရတော့မှာလား?။ ပြီးတော့ သားလက်ထပ်ရမဲ့သူက ယောကျ်ားလေးတဲ့။ စဉ်းစဉ်းစားစားလဲ လုပ်ပါဦးအဖေရယ်။
အဖေတို့လူကြီးချင်း စီးပွားရေးပါတနာဖြစ်ရုံနဲ့
သားကို အဲ့လိုအတင်းထိုးကျွေးလို့ ရရောလား? အဖေ"

"ထည်ဝါ မင်း ငါစီစဉ်တာကို ငြင်းဆန်ဖို့မကြိုးစားနဲ့။ ငါ့စီးပွားရေးပိုပြီးတိုးတက်ဖို့ သူတို့Companyနဲ့ ပူးပေါင်းဖို့လိုတယ်။
ဒါကြောင့် မင်းဒီလက်ထပ်ပွဲကို အသာတကြည်လက်ခံရမယ်"

"ဘာကြောင့်လဲ အဖေ။ သားက နောက်မိန်းမနဲ့ မွေးထားတဲ့သားမို့ ဒီလိုအလွယ်တကူ သူများကို ထိုးကျွေးရက်တာလား?။မမရှိတယ်လေ။ အဖေ့အချစ်ဆုံး အဖေ့ရဲ့ တရားဝင်မိန်းမနဲ့ မွေးထားတဲ့ မမ မြတ်နိုးခြယ်ရှိတယ်လေ။
သူ့ကို လက်ထပ်ခိုင်းပါ့လား။ သား လက်မထပ်ချင်ဘူး အဖေ။ သား အသက်ငယ်သေးတယ်။ သား လွတ်လွတ်လပ်လပ်ပဲနေချင်သေးတယ်"

"အပိုစကားတွေပြောတာရပ်ပြီး လက်ထပ်ဖို့သာပြင်ဆင်ထား။ ထွက်သွားတော့ ငါ့ရုံးခန်းကနေ"

ထည်ဝါ ဘယ်တုန်းကမှ အဖေ့ကို နိုင်အောင်ပြောလို့မရခဲ့ပါ။ထည်ဝါ စိတ်ပျက်စွာနဲ့ပဲ အဖေ့ရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။

"ဟာ...ဟုတ်သား။မမကို အကူအညီတောင်းရမယ်။
အဖေက မမဆို သိပ်ချစ်တာ။ မမကူပြောပေးရင်
အဖေ ဒီကိစ္စကို လက်လျှော့သွားမှာ။ဟုတ်တယ် မမဆီသွားရမယ်" ထည်ဝါ နှုတ်မှ တစ်ကိုယ်တည်းရေရွတ်ကာ မြတ်နိုးခြယ်ရှိရာ ရုံးခန်းကို ဝန်ထမ်းများအားမေးကာ လာခဲ့တော့သည်။

The 3 Guys(Completed)Where stories live. Discover now