Ep-3

13.1K 878 26
                                    

#Unicode
အား...ကျွတ်စ်...

မိုးမြင့်မား သတိရလာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။

"ငါ ဆေးရုံမှာ ရောက်နေတာပဲ။
ငါ့ကို ဘယ်သူတွေခေါ်လာတာလဲ?"

မိုးမြင့်မားရဲ့အသိစိတ်ထဲတွင် ဒဏ်ရာများနဲ့
မနည်းအားတင်းကာ ပြေးလာခြင်းကိုသာ သတိရတော့သည်။ထို့နောက် သူလဲကျသွားသည်။
နောက်ပိုင်းကိစ္စများကို ဘာဆိုဘာမှ မမှတ်မိတော့...

"ဟော...အကို နိုးလာပြီပဲ"
ရှင်းသန့် မိုးမြင့်မားရဲ့ခုတင်ဘေးမှာ
ထိုင်ရင်း ပြောလိုက်သည်။

မိုးမြင့်မား မိမိအား တရင်းတနှီးစကားပြောလာသော ဖြူဖြူသွယ်သွယ်ကောင်လေးအား အူကြောင်ကြောင်နဲ့ ကြည့်နေမိသည်။

"ညီလေးက အကို့ကို ဆေးရုံပို့ပေးခဲ့တာလား"

"ညီ တစ်ယောက်တည်းပို့ပေးခဲ့တာ မဟုတ်ဘူးအကို။ ကိုဘုန်းရောပါတယ် ကူညီတဲ့အထဲမှာ"

" ဆေးရုံပို့ပေးခဲ့တာနဲ့တင် မလုံလောက်ပဲ အခုလို လူနာစောင့်ပါ လုပ်ပေးနေရလို့ ကျေးဇူးအများကြီးတင်ပါတယ် ညီ"

"မဟုတ်တာ အကိုရယ်...
ဟော...ဟိုမှာ ကိုဘုန်းလာနေပြီ"

"ကိုဘုန်း ဒီမှာ ဒီကအကို သတိရလာပြီ"

ဘုန်းထည်ဝါ မိမိအား ပြုံးကာဝမ်းသာအားရပြောလာသော ရှင်းသန့်လင်းဆိုတဲ့ကောင်လေးအား အတော်အူယားမိသည်။ အမေက ဘာလို့ ဒီလိုချစ်စရာကောင်းတဲ့ ညီလေးတစ်ယောက်များ မမွေးပေးခဲ့ပါလိမ့်နော်။

"ဒီက အကို သတိရလာလို့ ဝမ်းသာပါတယ်။
တစ်နေရာရာက အဆင်မပြေတာများရှိလား မသိဘူးခင်ဗျ"
ဘုန်းထည်ဝါ ရှင်းသန့်နံဘေး ဝင်ထိုင်းရင်း
မေးလိုက်သည်။

"ဒဏ်ရာတွေ ဒဏ်ကြောင့် နဲနဲနာပေမယ့် ခံနိုင်ရည် ရှိပါတယ်ခင်ဗျ။ ဒါနဲ့ ညီလေးတို့ နှစ်ယောက်ကို အရမ်းကျေးဇူးတင်ပါတယ်နော် ခုလိုကူညီပေးတဲ့အတွက်"

"ကျေးဇူးတင်ရင်လေ အကို ဘာကြောင့် ဒဏ်ရာတွေရပြီး ခုလို မေ့လဲသွားတဲ့အထိ ဖြစ်ရတာလဲ ပြောပြပေးပါလား။ အရမ်းသိချင်နေလို့"
ရှင်းသန့် စပ်စုချင်တဲ့စိတ်တွေ ထိန်းမရတော့သဖြင့်
ပါးစပ်မှ လွှတ်ကနဲ ထွက်သွားမိသည်။

The 3 Guys(Completed)Where stories live. Discover now