Ep-8

11.2K 806 34
                                    

#Unicode
ဇွဲမြင့်မိုရ်နဲ့ဝေယံမောင် နှစ်ယောက်သား ဟိုတယ်စားသောက်ဆိုင်မှ စားသောက်ပြီး Reception မှ သော့ယူကာ မိမိတို့တည်းရမည့် အခန်းသို့ ဝင်ခဲ့လိုက်ကြသည်။

"ဇွဲ...မဆိုးနဲ့ကွာ...ခုမှ ဟိုတယ်စားသောက်ဆိုင်မှာ စားလာတာကို"

အခန်းထဲရောက်လျှင်ရောက်ခြင်း ဇွဲမြင့်မိုရ်က
ဝေယံမောင့်ခန္ဓာကိုယ်အား နေရာလပ်မကျန် အတင်းနမ်းရှိုက်နေတော့သည်။

"မရဘူးတော့ဘူးကွာ...။ဇွဲ အဓိက စားချင်တာက ဟော့ဒီက ဝေယံမောင်ဆိုတဲ့ အရသာရှိတဲ့ Ukeလေးကို စားချင်တာ။ စားခွင့်ပြုတော့ကွာ"

"အဟင်း...အ..ဇွဲ စိတ်ကြိုက်သာ စားသုံးပါတော့"

မိမိအပေါ်အုပ်မိုးကာ အနမ်းမုန်တိုင်းထန်နေသော ဇွဲမြင့်မိုရ်အား ဝေယံမောင် ကြည်ဖြူစွာ စားသုံးခွင့်ပေးလိုက်လေတော့သည်။

အခန်းတွင်းမှ စည်းချက်ညီညီ လှုပ်ရှားသံများ...
ညည်းညူသံများအား မှတ်တမ်းတင်နေသော လျှို့ဝှက်ကင်မရာတစ်လုံးရှိနေသည်ကိုတော့
ထန်နေသော ကောင်လေးနှစ်ယောက် မသိခဲ့ချေ...

............................................................

"အကို ထပ်တွေ့ရပြန်ပြီနော်"

Receptionမှ ကောင်မလေးရဲ့ အမေးအား ထည်ဝါ မဖြေမိ။

"ဟိုအခန်း ပြန်အပ်သွားပြီမလား?"

"ဟုတ်"

"ဒါဆို အခန်းသော့ ခဏပေး။ မင်းတို့ဘော့စ်နဲ့ ပြောထားပြီးသား"

"ဟုတ်ကဲ့ ဒီမှာပါရှင့်"

Receptionမှ သော့ရပြီးသည်နှင့် ထည်ဝါ အခန်းဆီသို့သွားကာ အခန်းတံခါးဖွင့်ကာ
လျှို့ဝှက်ကင်မရာအား ဖွင့်ပြီး စစ်ဆေးလေတော့သည်။

"ရှင်းသန့်ပြောတာ မှန်တာပဲ။ ဝေယံမောင်တစ်ယောက် ဖင်မငြိမ်ဘူးဆိုတာ ဒီVideoက သက်သေပြနေပြီ"
ထည်ဝါ ကင်မရာအား ယူကာ Receptionတွင်
သော့အပ်ပြီး ရှင်းသန့်နဲ့ ကိုမိုးတို့နှင့်ချိန်းထားရာ
KoKoe ကော်ဖီဆိုင်သို့ သွားလေတော့သည်။

...................................................

"ရှင်းသန့် မကြည့်နဲ့တော့"

The 3 Guys(Completed)Where stories live. Discover now