Ep-7

11.5K 795 24
                                    

#Unicode
မိုးမြင့်မားနှင့် ရှင်းသန့်လင်း ဘုန်းထည်ဝါ၏အိမ်မှ ဟင်းချက်ပြီး ပြန်လာကြသည်။

"ရှင်းသန့် ဘယ်လိုမှ မခံစားရဘူးလား?"

"အမ် ဘာကိုလဲ ကိုမိုးရဲ့"

"အချစ်ဆုံးသူငယ်ချင်းနဲ့ အချစ်ရဆုံးချစ်သူဆီက တစ်ပြိုင်တည်း သစ္စာဖောက်ခံရတာကိုလေ"
ရှင်းသန့်ရဲ့ စိတ်အခြေအနေအား သိချင်မိ၍ မိုးမြင့်မား မေးလိုက်ခြင်းဖြစ်သည်။

"သြော်...ဒါလား? အရင်တုန်းကတော့ သေမတတ်ခံစားခဲ့ရတာပေါ့
ကိုမိုးရယ်။ အခုတော့ ရှင်းသန့်စိတ်ထဲ သူတို့ကို လက်စားချေဖို့ပဲ ရှိတော့တယ်"

ရှင်းသန့်မျက်နှာ ရုတ်တရက် တည် သွားတာကို
မိုးမြင့်မား သတိထားမိလိုက်သည်။

"ရှင်းသန့်ရဲ့ဘဝမှာ နောက်ထပ်အချစ်တစ်ခု ထပ်မွေးဖွားလာဦးမယ်ဆိုရင်ရော?"

ရှင်းသန့်တစ်ယောက် သက်ပြင်းတစ်ချက်ချကာ
"တော်ပါပြီ ကိုမိုးရယ်။ရှင်းသန့်ရဲ့ စိတ်ဒဏ်ရာက သူတစ်ယောက်နဲ့တင် လုံလောက်နေပါပြီ"

"ဟုတ်ပါပြီ ရှင်းသန့်ရာ။ ကိုမိုးက ဒီလိုတွေမေးလို့ စိတ်ခုမသွားနဲ့နော် ရှင်းသန့်"

"ဟုတ်ကဲ့"

လမ်းလျှောက်နေစဉ် မိမိလက်မောင်းအား ဖက်တွယ်လာသော လက်တစ်စုံကြောင့် မိုးမြင့်မားရင်ထဲ ဝုန်းဒိုင်းကြဲသွားလေသည်။

"ကိုမိုး ရှေ့မှာ မောင်နဲ့ ကိုကိုလာနေတယ်။
ကိုမိုး ရှင်းသန့်ရဲ့ ချစ်သူအဖြစ် ခဏဟန်ဆောင်ပေးပါ"

"ဟုတ်ပြီ...ရှင်းသန့်"

"အဟက်...ရှင်းသန့်က ဘယ်ဆိုးလို့လဲ။
နောက်တစ်ယောက်ရတာ မြန်သား"

ခနဲ့တဲ့တဲ့ စကားများဖြင့် ရှင်းသန့်အား ဝေယံမောင် တိုက်ခိုက်လာသည်ကို ဂရုမစိုက်ပဲ ရှင်းသန့်ပြန်ပြောလိုက်သည်က...

"အို...မောင်ရယ်...ရှင်းသန့်ရတဲ့
နောက်တစ်ယောက်က သူများဘဲကို စနှိုက်ကြော်လုပ်ပြီးမှ ရလာတာ မဟုတ်ဘူး မောင်ရဲ့"

ရှင်းသန့် တုံ့ပြန်မှုကြောင့် ဝေယံမောင်တစ်ယောက် မျက်နှာပျက်သွားလေသည်။

The 3 Guys(Completed)Where stories live. Discover now