Ep-2

14.5K 914 43
                                    

#Unicode
လက်ထပ်ပွဲပြီးသည်နှင့် ထည်ဝါတို့အတွက် လက်ဖွဲ့ပေးထားသော တိုက်အသစ်ကြီးဆီသို့
ထည်ဝါ တစ်ယောက်တည်း ကားမောင်းကာထွက်လာခဲ့သည်။
ထည်ဝါ အတက်အဆင်းလုပ်ရမှာ ပျင်းတာကြောင့်
အောက်ထပ်က အခန်းမှာပဲ ဝင်အိပ်လိုက်သည်။

"ဘုန်းထည်ဝါ ခုချက်ချင်းအခန်းထဲကနေထွက်ခဲ့စမ်း"
နေရောင်လင်းတစ်ယောက် ဒေါသထွက်ကာ အခန်းတံခါးကို လက်ဖြင့် တဒုံးဒုံး ထုရိုက်ကာ ပြောနေသည်။

"ကျစ်...အိပ်နေတာတောင် ကောင်းကောင်းမအိပ်ရဘူး။ဘယ်လိုလူလဲ? အလိုက်ကန်းဆိုးမသိ။ တိရစ္ဆာန်တွေအိပ်နေရင်တောင် မနှောင့်ယှက်ရဘူးဆိုတာ မသိဘူးလား။ ခုဟာက လူဖြစ်တဲ့ ငါ တစ်ယောက်လုံး အိပ်နေတာကို အပြင်ကနေ ဆူပူနေတယ်"
ထည်ဝါ ခေါင်းကို တဗျင်းဗျင်းကုတ်ရင်း အခန်းတံခါး ဖွင့်ပေးလိုက်သည်။

"မင်း ဘာအချိုးချိုးတာလဲ ဘုန်းထည်ဝါ။
လက်ထပ်ပွဲပြီးရင် ငါနဲ့တူတူပြန်ရမယ်ဆိုတာ မင်း
မသိဘူးလား။ဘာအတွက်ကြောင့် မင်းတစ်ယောက်တည်း ပြန်သွားရတာလဲ။
မင်းကြောင့် နှစ်ဖက်မိဘတွေကြား ငါဘယ်လောက်မျက်နှာပျက်ရသလဲ"
နေရောင် ထည်ဝါ့ပုခုံးနှစ်ဖက်ကို တင်းတင်းကိုင်ကာ ဒေါသတကြီး ပြောလိုက်သည်။

"အဲ့ဒါ ခင်ဗျားကိစ္စလေ။ကျွန်တော်နဲ့ ဆိုင်တယ်လို့မထင်ဘူး"
ထည်ဝါ နှုတ်ခမ်းကို မဲ့ကာရွဲ့ကာ ပြောလိုက်တော့...

"ငါက မင်းယောကျ်ားလေ။ အဲ့တော့ မင်းကိစ္စမှန်သမျှ ငါနဲ့ဆိုင်သလို
ငါ့ကိစ္စမှန်သမျှကလည်း မင်းနဲ့ဆိုင်တယ်"

"ခင်ဗျား ကျွန်တော့်ကိုယူတယ်ဆိုတာလည်း အလကားသက်သက် ယူခဲ့တာမှ မဟုတ်တာ။
ကျွန်တော်နဲ့ လက်ထပ်တဲ့အတွက် ခင်ဗျားမိဘတွေဆီက ရှယ်ယာတစ်ချို့ရမယ်။
ပြီးတော့ ကျွန်တော်ရမယ့် ရှယ်ယာတွေကိုလည်း ခင်ဗျားလက်ဝါးကြီး အုပ်လို့ရမယ်။ ဟုတ်တယ်ဟုတ်? ဦးနေရောင်လင်းဆိုတဲ့သူက
သူများအကျိုးထက် ကိုယ့်အကျိုးကိုပဲ ကြည့်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းကြီးရိပ်မိတာပေါ့"

"အေး မင်းသိရင်လည်း ပြီးတာပဲ။ လူကြားသူကြားထဲ ငါ့ကို အရှက်ခွဲဖို့
မကြံရင် ရပြီ။
မင်းလည်း မင်းနေချင်သလိုနေ။ ငါလည်း ငါနေချင်သလိုနေမယ်။ ပြီးတော့ တစ်ခုမှတ်ထားဦး
မင်းက မင်းမိသားစုမှာ ဘာမှမဟုတ်တဲ့ လူပိုတစ်ယောက်။ မင်းလိုဘာမှသုံးစားမရတဲ့
လူကို လက်ထပ်တဲ့ ငါ့ကို မင်းကပဲ ကျေးဇူးတင်သင့်တာဆိုတာ ဟော့ဒီဦးနှောက်လေးနဲ့ စဉ်းစားကြည့်"
ထည်ဝ့ါနားထင်အား လက်ညှိုးဖြင့် ထိုးကာ
လှည့်ထွက်သွားသော နေရောင်လင်း...

The 3 Guys(Completed)Where stories live. Discover now