Are~~

2.9K 347 72
                                    


Jun Myeon လေးတစ်ယောက်..ဒီနေ့တော့..ကျောင်းကိုစောစောစီးစီးရောက်လို့ပါလေ...

စောရောက်ဆို...ဒီနေ့တော့..Papaရဲ့အသိတစ်ယောက်နဲ့တွေ့တာနဲ့သူ့ကားနဲ့ပါလာခြင်း ။

အဲ...Papaအသိတင်မဟုတ်...သူ့သားဆိုတာပါ ပါသေးသည်...ကားပေါ်မှာလည်းအငြိမ်ကိုတစ်စက်မနေ...

ဟိုနားလာထိ ဒီနားလာထိနဲ့...ပေါက်ပေါက်ဖောက်လိုက်ပုံများ... နားတွေတောင်ကွဲထွက်တော့မဲ့အတိုင်း 😐

နာမည်က ဘာတဲ့...Park Chan Yeolဆိုလား...

ကြီးကောင်ကြီးမားနဲ့...လူကိုလာလာမှီသေး...သူ့လက်တစ်ချောင်းလောက်ပုခုံးပေါ်လာတင်လိုက်ရင်ကိုတော်တော်လေးတာ...

အခုလည်း သူ့အဖေcar parkingထိုးတာမစောင့်ပဲ hyungနဲ့အတူသွားမှာဆိုပြီး ဆူဆောင့်နေလို့... မနည်းချော့ထားခဲ့ရသေး 😕

အခန်းရှေ့ရောက်တော့...မှန်ပြတင်းပေါက်လေးထဲကခိုးကြည့်လိုက်တော့...ကျောင်းသားတွေတစ်ယောက်မှမရောက်သေးတာကြောင့်....

"Samလာရင် ငါအရင်ရောက်ကြောင်းကြွားရမယ်"

မိန့်မိန့်ကြီးတစ်ချက်ပြုံးလိုက်ရင်း...အခန်းတံခါးကိုဆွဲဖွင့်.. ဖွင့်....

"အမလေး"

ရှေ့ဆုံးတန်းမှာ ငုတ်တုတ်ထိုင်ပြီး.. စာကျက်နေတဲ့ Chen ကြောင့်စိတ်ပါလေသွားသည်...

ကြွားမလို့ပါဆို 😑

"ရောက်ပြီလား စောလှချည်လားဟ"

စောရောက်တာကို ထူးဆန်းသလိုမျက်နှာပေး လာလုပ်နေတာမို့ ပုခုံးတွန့်ပြလိုက်ပြီး ကိုယ့်နေရာကိုယ်ဝင်ထိုင်လိုက်သည်..

"မင်းဘယ်အချိန်ထဲကရောက်နေတာလဲ..ကြည့်လဲလုပ်ဦး သရဲနဲ့တိုးနေဦးမယ်"

"အိမ်မှာစာကျက်ရတာ feelမလာလို့ပါကွာ"

"Hyung"

ခပ်ကျယ်ကျယ်အသံကြောင့် လှည့်ကြည့်လိုက်တော့...ထင်တဲ့အတိုင်း ကိုယ်တော်ချော 😫

သောက်မြင်ကပ်ကပ်နဲ့ ပြန်မထူးပဲ မှောက်အိပ်ပစ်လိုက်တော့ ဘေးဝင်ထိုင်ပြီး..အမယ်...ခါးကိုလာဖက်.... ကိုယ့်ကျောပြင်ပေါ် ခေါင်းလာတင်နေသေးတာ...

My Lovely SpringWhere stories live. Discover now