Final

3.4K 336 34
                                    


လည်ချောင်းထဲ ကွဲရှရှ ခံစားရမှုသည် ရေဓာတ်လိုအပ်ကြောင်း အချက်ပြနေသည် ။

ဖွင့်ဖို့ခက်ခဲနေတဲ့ မျက်လွှာကို အားတင်းဖွင့်လိုက်တော့ မြင်ရတဲ့ အဖြူရောင်မျက်နှာကြက်က တရိပ်ရိပ်နှင့် ။

ညက တော်တော်များသွားပုံပေါ်သည်...

ခေါင်းကိုတစ်ချက်ခါလိုက်ရင်း ဘေးဘီကြည့်မိတော့ လှဲနေရင်းက သူ့ကိုပြုံးပြီးကြည့်နေတဲ့ Lee Mira

ဖြူလွှလွှစောင်ကို ရင်ဘတ်နားထိ မလုံ့တလုံ ခြုံထားတာကြောင့် မျက်နှာကိုအမြန်လွှဲပစ်မိသည် ။

အမြင်မှားနေတာဖြစ်မှာ..ဟုတ်တယ်.. ညကများသွားလို့အမြင်မှားနေတာ

မျက်လုံးကိုဖိပိတ်ပစ်လိုက်ပြီး ပြန်ကြည့်ပြန်တော့လည်း ရှိနေသေးတဲ့ Lee Miraကြောင့် ထထိုင်ပစ်လိုက်သည်။

"မင်းကဘာလို့ဒီမှာရှိနေတာလဲ"

ထင်မထားပဲ တုန်နေတဲ့အသံကြောင့် Lee Miraက ခပ်ဟဟရယ်သည်...။

နားမလည်နိုင်တဲ့အခြေအနေကြား ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးနေရင်းကကို ကြောင်အအ ဖြစ်ချင်လာသည် ။

ပုခုံးပေါ်လာမှီရင်း ရင်ဘတ်ပေါ် ခပ်ယွယွ ပွတ်သပ်နေတဲ့ လက်ချောင်းတို့ကို ဖယ်ရှားပစ်ဖို့လည်းအာရုံမရောက်...

တစ်စုံတစ်ရာကို ဖွင့်ဟလာမဲ့ နှုတ်ခမ်းအသွားအလာကိုသာစောင့်ကြည့်နေမိသည်။

"Xingကလေ...ညက...သိပ်ဆိုးတာပဲ ဟင်းဟင်းး"

ရင်ဘတ်ထဲ အချွန်ထက်ဆုံးအရာတစ်ခုနှင့် ဆောင့်ထိုးခံလိုက်ရသလို ဆူးခနဲ အောင့်တက်သွားရခြင်းတို့နှင့်အတူ မျက်လုံးတို့ပါပြူးကျယ်သွားမိသည်ထင် ။

"ဖယ်စမ်း မင်းဘာတွေပြောနေတာလဲ"

ဆောင့်တွန်းပစ်လိုက်တော့ လွှင့်ခါသွားတဲ့ ဆံပင်ပျော့ပျော့တို့ကိုပြန်သပ်တင်ရင်း Lee Miraကပြုံးပြန်သည်။

"Xingကသိပ်ရယ်ရတဲ့လူပဲ...လုပ်ချင်ရာလုပ်ပြီးမှ မသိချင်ယောင်ဆောင်နေတာလား"

"မဖြစ်နိုင်ဘူး ငါ.. ငါမူးနေခဲ့တာမှန်ပေမဲ့ အမှားမလုပ်ခဲ့ဘူး"

My Lovely SpringWhere stories live. Discover now