Beautiful~~~~

2.4K 238 13
                                    


"Xing Sam"

"Xing Sam"

"Xing Sam"

ခြံထဲစဝင်လာတည်းက နာမည်ကိုအော်ခေါ်ပြီး.. ပြေးလာပုံရတဲ့..ခြေသံကလည်းဝုန်းဒိုင်းကိုကြဲလို့...
စာသင်နေတဲ့ကာလအတွင်း ရင်းနှီးမှုကအမြန်အဆန်ပင်..
တခါတလေစာမသင်ချင်ဘူးဆိုရင် night outတွေဘာတွေလိုက်ပို့ရသေး ...

အခုလည်း..အခန်းထဲတံခါးမခေါက်ဘာမခေါက်နဲ့ဝင်လာဦးမည်ကိုသိနေတာကြောင့် ဝတ်လက်စ ဘောင်းဘီကိုအတင်းဆွဲဝတ်နေပေမဲ့...ဒီနေ့ကျမှကျပ်နေသလို...

"Xing.. ဟာ"

ထင်သည့်အတိုင်း တံခါးကို ဆတ်ခနဲတွန်းဖွင့်လာတဲ့ အသေးလေးက သူ့ကိုမြင်ပြီး မျက်နှာကိုတစ်ဖက်လှည့်သွားသည်..

ဘောင်းဘီကိုအမြန်ဆွဲတင်ပြီး အသေးလေးကိုကြည့်လိုက်တော့ခေါင်းလုံးလုံးလေးထက် အရောင်ဆန်းကြီးကနေရာယူထားတာ...

အခုထိ နောက်ကျောပေးထားဆဲဖြစ်တဲ့ အသေးလေးခေါင်းကိုလက်ညိုးနဲ့တွန်းလိုက်တော့ ငုံ့ကျသွားတာက ယိုင်ပါသွားသည်...

"အ...Xing Samဘာလုပ်တာတုန်း"

"ဘယ်လိုဖြစ်တာလဲဒီဆံပင်က.. ဟမ်"

မျက်ခုံးတို့ကိုတွန့်ချိုးပြီး...မကြိုက်သလိုပြောလိုက်တော့ သွားဖြဲပြနေသေး..

"ဟီးဟီးး မိုက်တယ်မလား အခုခေတ်စားနေတဲ့blonde hairဆိုတာလေ ဟဲ"

"ဟဲ မနေနဲ့... ဘာမှမမိုက်ဘူး သွား..အနက်ပြန်ဆိုး"

ခုနကပြုံးဖြီးနေတဲ့မျက်နှာလေးကချက်ချင်းပဲ ဆူပုတ်သွားသေးတာ..

ဒီကလေး မင်းသားလုပ်စားဖို့ကောင်းသည်...

နဂိုတည်းက ချစ်စရာကောင်းသည့်မျက်နှာရှိနေသည်ကို...အခုblonde hair လုပ်ပစ်လိုက်တော့ ကလေးတစ်ယောက်လိုဖြစ်သွားတာကြောင့်....

အသေးလေးကို သူများငေးကြည့်သည်ကိုပင်မကြိုက်...ဖြစ်နိုင်ရင် အိတ်ကပ်ထဲသိမ်းထားပြီးကို နေရာတကာခေါ်သွားချင်တာ..

ကိုယ်ကိုယ်တိုင်လည်းဒီလောက်ချစ်ဖို့ကောင်းသည့်ကလေးကို ဘယ်အချိန်တစ်ခုခုထလုပ်မိမယ်မသိတာကြောင့် အနက်ပြန်ဆိုးခိုင်းခြင်း 😑

My Lovely SpringWhere stories live. Discover now