Spring ~~~~~

2.2K 268 19
                                    


စိတ်ညစ်ညူးဖို့်ကောင်းတဲ့ အညိုရောင် လိုက်ကာစကို တွန်းဖယ်ပစ်လိုက်တော့ မှန်ပြတင်းပေါ် ကျလာတဲ့ မိုးရေစက်တို့ကြောင့် တစ်ချက်စုတ်သပ်မိလိုက်သည်...

"မနက်စောစောစီးစီးကွာ"

မိုးလင်းတာနဲ့ အလိုမကျစွာ မျက်ခုံးတွန့်ချိုးဖြစ်သည့် ရက်တို့က ဒီကနေ့ဆို ၆ရက်မြောက်... ။

တစ်နည်း....သူနဲ့မတွေ့ရတာ ၆ရက်မြောက်ဆိုပါတော့....။

ကုမ္ပဏီက အပြန် ညဘက်တိုင်း အသေးလေးရဲ့အဆောင်မှာ ရပ်စောင့်ဖြစ်ပေမဲ့.....မီးမဖွင့်ထားတဲ့ ပြတင်းပေါက်လေးကိုကြည့်ပြီး ပြန်လာရမြဲ...။

ကျောင်းအထိလိုက်သွားပေမဲ့... ကျောင်းလည်းမတက်တဲ့အဆိုးလေးကို ပြန်လာရင် ခပ်ဆတ်ဆတ်ရိုက်ပစ်ချင်သည်....။

လက်ထဲကိုင်ထားတဲ့ ဖုန်းထဲက Call ပေါင်းများစွာခေါ်ထားမိတဲ့ နံပါတ်လေးကို အမှတ်မရှိ နှိပ်မိပြန်တော့ တတီတီမြည်လို့ တစ်ဖက်ကကိုင်သူမဲ့နေမြဲ.....

ဖုန်းဝင်တဲ့ တတီတီ အသံလေးကိုကြားရတိုင်း ရင်ထဲကတလှပ်လှပ်..

ကိုင်များကိုင်လေမလားဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနှင့်...

"ဘယ်တွေရောက်နေတာလဲကွာ"

နင့်နင့်သီးသီး ရွာချနေတဲ့မိုးရေစက်တို့ကို တမေ့တမောငေးရင်း ရေရွတ်မိတော့ ဂျိမ်း ခနဲ မိုးခြိမ်းသံနက်နက်ကြီးက ကျယ်လောင်စွာထွက်လာသည်..

နွေဦးကိုရောက်ပါတော့......

.
.
.
.
.

"အ..ဟ"

ရေချိုးဖို့ shawol ဖွင့်လိုက်တော့ ရေအေးကိုမှားနှိပ်မိတာမို့ ကျင်တက်သွားတာကြောင့် ဒေါသကထောင်းခနဲ...။

"ကွာ....တောက်!"

ရေပူရေအေးမှားနှိပ်မိတာမျိုးက အရင်ကလည်း တစ်ခါတစ်လေ ဖြစ်တတ်ပေမဲ့...ကိစ္စအသေးလေးနှင့် ဒေါသထွက်လာတာက Zhang Yixing ပုံစံမဟုတ်..။

ဒီရက်ပိုင်း စိတ်ဆတ်နေမိတာကြောင့် အတွင်းရေးမှုးကောင်လေးကပါ Bossအဆင်ပြေလား ဆိုပြီးခဏခဏမေးလာတတ်သေးတာ...။

My Lovely SpringWhere stories live. Discover now