1

3.6K 227 1
                                    

Sakuraတွေဟာ လှပါရဲ့လား?

သူ့အားတွေ့မြင်ခဲ့ပြီးနောက်တော့ ကျွန်တော့်မှာ
ဖြေစရာစကားတို့ဆွံ့အသွားရတော့တယ်။

သူက ကျွန်တော်ရူးသွပ်ဖို့ ထိုက်တန်သူမို့~~~

~~~~~~~~~~~~K.Y.U.N.G~~~~~~~~~~

" kyung,ကိုယ်တောင်းပန်ပါတယ်
ကိုယ် မရည်ရွယ်ပါဘူး "

ခပ်တိုးတိုးလေးဆိုပေမဲ့ သေချာပေါက်
kyungကြားသည်။

ဘေးချင်းကပ်အနေအထားဖြစ်သော်လည်း
ကျွန်တော်က မတ်တပ်ရပ်လျက်ရှိပြီး
Kyungကတော့ ထိုင်လျက်သား~~~

ငုံ့မိုးကားကြည့်နေရသည်ကြောင့် မြင်နေရတဲ့
မွှေးညှင်းစိမ်းအချို့ ရောယှက်တဲ့ ဖြူ ဝင်းဝင်း
ဂုတ်သားက ကျွန်တော့်အား အသက်ရှူ
မှားစေသည်။

ဘယ်တော့မှ kyungရဲ့ ပြုစားခြင်းတွေထဲက
လွတ်မလဲ?

တကယ်က kyungသည် ကျွန်တော်မရုန်းထွက်
ချင်ခဲ့သောနွံသာဖြစ်သည်။

" ကျွန်တော်တို့ ဒီ့ထက်ပိုပြီး
မပက်သတ်ရအောင်"

ကျွန်တော်အုပ်ကိုင်ထားမိတဲ့လက်ကို ဖယ်ခွာ၍
Kyungကပြတ်သားစွာပြောသည်။
ကျွန်တော့်မှာ ကန့်ကွက်ခွင့်မရှိ။
အထွန့်တက်ခွင့်မရှိ။အရာရာ kyungသဘော
အတိုင်းသာ ဖြစ်ရမည်ပင်။

" ကိုယ် စိတ်မထိန်းနိုင်ခဲ့တာကြောင့်နဲ့
Kyungကိုစိတ်မောစေရပြီ ထပ်ပြီး
တောင်းပန်ပါတယ် "

" အင်း ကျွန်တော့်ကို သွားခွင့်ပြုပါအုံး "

ပြီးဆုံးသွားပြီ သူနဲ့ကျွန်တော်ရဲ့ ပက်သက်မှု
သို့မဟုတ် ခင်မင်ရင်းနှီးမှုတွေ~~~

တစ်လှမ်းခြင်းထွက်ခွာသွားတဲ့ kyungခြေလှမ်း
တွေအောက် ကျွန်တော့်ပြိုလဲခြင်းတွေ မွစာကျဲ
ကုန်သည်။ခက်တယ် စွန့်လွှတ်ဖို့ မလုပ်နိုင်သေး

ချစ်သည်ထက်ပိုလေးနက်မှုအဆုံးတွင်
ကျွန်တော်၏ kyungအပေါ် မြတ်နိုးခြင်းတွေက
တားမရဆီးမရ ပွင့်အံလာခဲ့ခြင်း~~

ထိုသည်ကြောင့်သုံးနှစ်တာ သူငယ်ချင်း
သံယောဇဉ်က ယတိပြတ်သွားရပြီ။
နာကျင်တယ် သေမတတ်ဘဲ သို့တိုင်
ကျွန်တော်မငိုပါ။ကျွန်တော်ဝမ်းလဲမနည်းပါ။
ကျွန်တော့်အချစ်က နာကျင်ရမယ်မှန်း
သိနှင့်ပြီးသားမို့ အနည်းဆုံးတော့ ထိုနာကျင်မှုကိုခံနိုင်အောင် ကြိုးစားထားသည်။

K.Y.U.N.G..( completed)Where stories live. Discover now