2

1.6K 167 6
                                    

မှောင်မိုက်နေတဲ့ အခန်းကျဉ်းထဲ
ကုတင်ပေါ် ပိုးလို့ပက်လက် ပစ်လှဲနေသူ
လူတစ်ယောက်ရယ်

ကုတင်အောက်မှာ ရှုပ်ပွနေသော
ဘီယာဘူးခွံတို့ရယ်ဖြင့် ညက အထီးကျန်စွာ
ရှိနေသည်။

အိပ်ပျော်နေဟန်တူသည်ဟု ထင်ရသော်လည်း
တကယ်တမ်းမှာ ရင်ထဲက တဆစ်ဆစ်နဲ့
နာကျင်မှုကို ဖြေဖျောက်နေခြင်းသာ။

ဘာလို့ အချစ်က ဤမျှလောက်
ခံရခက်လှသည်လဲ?

" kim jong in ဟာကွာ အမှောင်ကြီးထဲ
ဘာလုပ်နေတာလဲ "

ဖျတ်ခနဲ လင်းလာသော မီးရောင်နဲ့အတူ
ကုတင်နားရောက်လာသူက oh sehun~~

အိပ်နေသူအား အတင်းဆွဲထူရင်း
ပွစိပွစိပြောနေပုံက အဘိုးအို ပေါက်စနှယ်

စိုးရိမ်နေသည်ကိုသိသော်လည်း မသိချင်ယောင်
ဆောင်ထားမိလိုက်သူက ကျွန်တော်။
ကျွန်တော်၏နာကျင်မှုကို oh sehunရှေ့မှ
မဟုတ် ဘယ်သူ့ရှေ့မှာမှ ချမပြချင်ပါ။
ထို့ကြောင့် ကျွန်တော့်အား စိုးရိမ်ပေးခြင်းကိုလဲ
ဝမ်းမသာနိုင်။အကယ်၍ ဒီနေရာမှာ
oh sehunမဟုတ်ဘဲ
kyungသာဆိုရင်တစ်မျိုးပေါ့လေ။

" ထစမ်း ဟေ့ကောင်
နံစော်နေတာဘဲကွာ ဘီယာတွေ
ဘယ်လောက်တောင် သောက်ထားတာလဲ? "

နှာခေါင်းကိုပိတ်ရင်း ရှုံ့မဲ့စွာပြောလာသည့်
Sehunပုံစံကြောင့် တစ်ချက်မျှ ရယ်လိုက်ရင်း
မတ်တတ်ထရပ်လိုက်ပါ၏။

" အများကြီးမဟုတ်ပါဘူး အဲ့မှာ မင်းမြင်တဲ့
အတိုင်းဘဲ "

ကျွန်တော်မေးငေါ့ပြလိုက်သည့်နေရာကို
ငေးကြည့်လိုက်တဲ့oh sehunက
မျက်လုံးတောင်အနည်းငယ် ပြူးသွားသလိုလို

Hk!အလွန်ဆုံးရှိမှ ဆယ့်နှစ်ဘူးလောက်ပေါ့။

ပြောပြီးတာနှင့် ရေချိုးခန်းထဲ ဝင်လိုက်ပြီး
ကိုယ်လက်သန့်စင်လိုက်သည်။
ကိုယ့်အိမ်ကိုလာတဲ့ ဧည့်သည်ရှေ့တော့
ဒီပုံစံက မသင့်တော်ဘူးမဟုတ်လား။

မျက်နှာသစ် ကိုယ်လက်ဆေးကြောပြီး
အပြင်ပြန်ထွက်ခဲ့တော့ ခုနက ပွစာကြဲနေသော
ဘီယာဘူးခွံတို့မရှိတော့..

K.Y.U.N.G..( completed)जहाँ कहानियाँ रहती हैं। अभी खोजें