4

1.2K 147 3
                                    

" sehun ငါဒီမှာ "

Canteenထဲ၌ တစ်ယောက်ထဲ
ယောင်လည်လည်ဖြင့် ကျွန်တော့်အား
ရှာနေသည့်oh sehunကို မြင်လိုက်ရသည်မို့
လှမ်းခေါ်လိုက်ခြင်း။

အနားရောက်လာတဲ့sehunမျက်နှာက
ပျားရည်ဆမ်းထားသည့်နှယ် ချိုအီနေသည်။
ကြည့်ရတာ ပျော်စရာကိစ္စရှိသည်ထင်။

" ပြောပါအုံး မင်းငါ့ကိုဒီခေါ်ရတဲ့
အကြောင်းအရင်း "

အချိန်ခနကြာသည်ထိ နှစ်ယောက်လုံးက
စကားစမလာတော့ sehunက စိတ်မရှည်ဟန်
စကားစမေးလာသည်။

" kyungနဲ့အဆက်အသွယ်များရသလားလို့"

တိုးတိမ်သွားတဲ့ အသံအဆုံးမှာ sehunက
မျက်လုံးအဝိုင်းသားနဲ့ငေးကြည့်လာသည်။

အင်းပေါ့လေ ထွက်သွားတဲ့သူကဖြင့်
ထွက်သွားတာသုံးလေးလကျော်လောက်
ကြာနေမှဘဲ ရုတ်တရက် အဆက်အသွယ်ရှိလားမေးတော့ နဲနဲအူကြောင်ကြောင်နိုင်တာပေါ့

ဒါပေမဲ့လဲjong inတကယ်သိချင်ပါသည်။
Jong inဆီတစ်ချက်ကလေးတောင်
အဆက်အသွယ်မလုပ်လာသည့်kyungက
Oh sehunဆိုရင်တော့ လုပ်လေမလားလို့..

အကယ်၍ နှစ်ယောက်က အဆက်အသွယ်
ရှိခဲ့ရင်တော့ဆိုတဲ့မျှော်လင့်ချက်သေးသေးရယ်,

မရှိများမရှိခဲ့ရင်ဆိုတဲ့ နာကျင်မှုကြီးရယ်ကို
ထွေးပိုက်ပြီး အရဲစွန့်မေးလိုက်မိခြင်း..

" ရှိ....တယ် "

" ဟင်!! "

ထုံပေပေမျက်နှာထားနဲ့sehunက
လိမ်နေပုံလဲမပေါက်ပါ။
ဒါဆိုတကယ်ဘဲ သူတို့တွေ အဆက်အသွယ်
ရှိကြတယ်ပေါ့။

တစ်ချိန်ထဲမှာဘဲ အစားထိုးဝင်ရောက်လာတဲ့
ခံရခက်မှု...
ဘယ်သူ့ကို အပြစ်တင်လိုရ့နိုင်ပါ့မလဲ?

Jong inနဲ့sehunဆို jong inကိုဘဲ
ပိုခင်တွယ်သည့်kyungက
ခုတော့ မေ့ပစ်ထားနိုင်ခဲ့ပြီ။

Oh sehunနဲ့ဆိုရင် သက်သောင့်သက်သာ
ပြောဆိုနိုင်တာမို့ထင်တယ်။kyungဟာ
ကျွန်တော့်ရင်ကို ကွဲစေနိုင်သော
အရင်းနှီးဆုံးသူစိမ်းတစ်ဦးဘဲ။
သို့သော် အသက်လောက်တန်ဖိုးထားရပါ၏။

" in..innပါ ငါက ဒီတိုင်းမေးကြည့်တာပါ
မင်းတို့တွေအဆက်အသွယ်ရှိရင် ပြီးတာပါဘဲ"

K.Y.U.N.G..( completed)Where stories live. Discover now