3

1.3K 145 0
                                    

အချိန်တွေကကုန်လွယ်လွန်းတယ်တဲ့
ကျွန်တော့်အတွက်တော့ မဟုတ်ခဲ့ပါဘူး။

တစ်ရက်တစ်ရက်က Kyungကို
လွမ်းစိတ်နဲ့ ကြာရှည်နေခဲ့တယ်။

kyungကျွန်တော့်အနားမရှိတော့တာ
မနေ့တစ်နေ့ကမှလို့စိတ်ထဲထင်နေတုန်းဘဲ။
မနက်ဖြန်မှာ kyungပြန်လာမယ်စိတ်ကူးရင်း
နေ့ရက်တွေကကြာညောင်းစွာ...

တစ်ရွေ့ရွေ့ကုန်ဆုံးနေခဲ့သည်။

" jong in senpai "

ခပ်လှမ်းလှမ်းမှ ကျွန်တော့်အား ခေါ်သံ
တစ်ခုနဲ့အတူ အနားသို့ရောက်လာသော
ကလေးမ...

" Nanami! "

" hee senpaiမှတ်မိနေလို့တော်သေးတာပေါ့"

Japan-koreaစပ် ကပြားမလေးNanamiက
ကျွန်တော်တို့အခန်းထဲကစာအတော်ဆုံးဆိုတဲ့
ကောင်မလေးပင်။

ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့
ထိုကောင်မလေးက ကျွန်တော့်အား
senpaiဟု ခေါ်တတ်သည်ပင်။

Kyungကိုဆိုရင်တော့ သူမက
oppaဟုခေါ်သည်လေ။

" ommဘာကိစ္စရှိလို့လဲ "

" ho,kyung soo oppaကို
မတွေ့တာ သုံးလလောက်ရှိနေပြီမို့လေ..
အဲ့ဒါ.. "

ပြောရခက်နေသလို သူမ၏ စကားကြောင့်
ကျွန်တော့်မျက်နှာသည်ပျက်ယွင်းလုဆဲဆဲ..

Kyungကဒီမှာမရှိတော့ဘူးဆိုတာကို
ဘယ်စိတ်နဲ့ပြောထွက်ပါ့မလဲ?
ကျွန်တော်ကိုယ်တိုင်တောင် လက်မခံ
ထားတာကိုလေ။

" senpaiနဲ့က သူငယ်ချင်းတွေမလား
ဆိုတော့ kyung soo oppa ဘာလို့
ကျောင်းမလာတာလဲ သိနေမှာဘဲဟုတ် "

Kyungကိုယ်တိုင်က သူထွက်သွားတာ
ဘယ်သူမှမသိစေလို၍ ကျောင်းကိုပါ
နှုတ်ပိတ်ပြီး ထွက်သွားခဲ့တာကို
ကျွန်တော်ဘယ်လိုရှင်းပြရပါ့မလဲ?

ဒါမှမဟုတ်.... "ငါ့ကြောင့်
သူကျောင်းထွက်သွားတာ"....ဆိုပြီး
အမှန်တရားကို ချပြရမှာလား?
ဒါကတော့ပိုလို့တောင်မဖြစ်နိုင်ပါ။

ကျွန်တော်နဲ့kyung၏အတွင်းရေးအား
သူစိမ်းတစ်ယောက်ဖြစ်တဲ့သူမထံ
အစီရင်မခံနိုင်။

ယုတ်စွအဆုံး oh sehunကိုတောင်
အတွင်းရေးတွေပေးသိစေချင်ခဲ့တာမဟုတ်။

K.Y.U.N.G..( completed)Where stories live. Discover now