6

1.3K 130 14
                                    

* Do kyung soo+ Gan hanna(cindy)*

ဆိုတဲ့ နှစ်ယောက်နာမည်ကို ယှဉ်တွဲပြီး
ရေးထိုးထားတဲ့ ရွှေရောင်ဖောင်းကြွ
စာလုံးငယ်ဟာ ခန်းမအရှေ့မျက်နှာစာထက်က
Wedding photoကြီးပေါ်၌  ဝင့်ကြွားစွာ
ထင်းလင်းလျက်ရှိနေသည်။

နီညိုရောင်မို့ အနည်းငယ်မှိုင်းတိုင်းနေတဲ့
Long coatကိုဝတ်ခဲ့၍များလား ကျွန်တော့်
စိတ်တွေနောက်ကျိလို့နေသည်။

ခန်းမကျယ်ကြီး၏ အလယ်တစ်နေရာရှိ
စားပွဲတွင်သာ ဝင်ထိုင်လိုက်ရင်း ငြိမ်နေမိပါ၏။
အခုထိkyungကိုလဲမတွေ့ရသေးသလို
Sehunကိုလဲ မမြင်မိသေးဘူးလေ။

Kim jong inဘဝက အချစ်ရေးမှာ
ကံခေလွန်းတယ်ထင်တယ်hk!

ချစ်ရသူက တခြားမိန်းမလက်ကို ကိုင်ဆွဲရင်း
ဖာသာရှေ့ ကျမ်းသစ္စာဆိုမှာကို မျက်မြင်
တွေ့ရအုံးမဲ့အပြင် wedding songပါ
ဆိုပေးရအုံးမှာ...

" jong inရောက်နေတာကြာပြီလား"

ထိုခန အပြာရောင်ဆွယ်တာလက်ရှည်နဲ့
အနားရောက်ချလာသည့် oh sehunက
ရှင်းသန့်လို့နေသည်ပင်။

" မကြာသေးဘူး ခုနကဘဲ ရောက်တယ် "

" ဟုတ်လား ဒါဆို hyungဆီ
မသွားရသေးဘူးပေါ့ "

ခေါင်းသာညိတ်ပြလိုက်ပြီး စားပွဲထက်က
ရေဘူးကိုသာ ဆွဲယူရင်း ရေသောက်လိုက်
မိသည်။စိတ်လှုပ်ရှားလွန်း၍...

အခုထက်ထိ kyungနဲ့တွေ့တဲ့အခါတိုင်း
ခုန်လှုပ်သွားတတ်တဲ့ နှလုံးသားကို
မထိန်းချုပ်နိုင်သေးပါ။

Kyungက ကျွန်တော့်ရဲ့ အချစ်ဦး,
အချစ်ဆုံးဖြစ်တဲ့သူမို့...

" ထ သွားကြမယ် "

ကျွန်တော့်ကို လက်မောင်းမှ ဆွဲထူရင်း
Oh sehunဟာ ဇွတ်တရွတ်ဘဲ kyungရှိရာ
ခေါ်သွားလေသည်။

ငြင်းချိန်ပင်မရလိုက် kyungနားနေခန်းသို့
ရောက်လာခဲ့သည်မှာ ရုတ်တရက်လို...

အခန်းတံခါးကို တွန်းဖွင့်ဝင်သွားသည့်
Sehunကျောပြင်ကို ကြည့်ပြီး ဒီတိုင်းလေး
ရပ်နေမိသည်။

Kyungက ကျွန်တော့်ကို တွေ့ချင်ပါရဲ့လား?

မေးခွန်းငယ်ဟာ ဖြေသူမဲ့လို့ ယောင်ချာချာ
ဖြစ်လို့နေရသည်။ကျွန်တော်ကတော့လား
မြင်နေရတဲ့ အခန်းထဲက ကျွန်တော့်
နတ်သားငယ်ကိုငေးရင်း ကိုက်ခဲလာတဲ့
နှလုံးသားဒဏ်ရာကို ဖြေလျှော့နေမိသည်လေ။

K.Y.U.N.G..( completed)Kde žijí příběhy. Začni objevovat