" မတွေ့ရတာကြာပြီ kyung "
" အင်း သုံးလခွဲလောက်တောင်ရှိပြီကိုး "
ချစ်သောkyungဟာ မတွေ့ရတဲ့
အတောအတွင်း ပိုမိုဖွေးဆွတ်လာသည့်
အသားအရောင်နှင့် အညိုရောင်ခပ်ပြေပြေ
ဆိုးထားသည့်ဆံပင်တို့ဖြင့် ပြီးပြည့်စုံသည်ထက်
ပိုလာသည်။ထို့အတူမိန်းကလေးတစ်ယောက်ပါ
တွဲဖက်ခေါ်ဆောင်လာသည်ပင်။" ဒါနဲ့သူမက..."
" ကျွန်တော့်ဇနီးလောင်း? "
မေးခွန်းပင်မဆုံးလိုက်ရ...
သွက်လက်စွာပြန်ဖြေလာတဲ့ ကျွန်တော့်ရဲ့
ကောင်ဆိုးလေးဟာ ခပ်ပြုံးပြုံး~~~~အနုနည်းနဲ့နှိပ်စက်ရတာပျော်သလားkyung?
" ကျွန်တော်တို့ရဲ့weddingကို
တက်ရောက်ပေးဖို့ လာဖိတ်တာပါ "" ဟုတ်တယ်jong in shi
Cindyတို့ပွဲကို လာခဲ့ပါနော်
Kyungနဲ့လဲ သူငယ်ချင်းအရင်းတွေမလား? "Kyung?
သူမကလဲ kyungလို့ခေါ်တာဘဲလား..
ခုမှ သက်ဆိုင်မှုတွေ လုံးဝကင်းသွားသလို
ခံစားလိုက်ရတာဘဲ။အနည်းဆုံးတော့ ကိုယ်တစ်ယောက်ထဲ
ခေါ်ခွင့်ရှိတဲ့နာမ်စားလို့ ထင်နေခဲ့တာ....." ကျွန်တော်လာမှာပေါ့
ကျွန်တော့်အချစ်ဆုံးသူရဲ့ပွဲကို
လာဂုဏ်ပြုပေးရမှာပေါ့ "အနည်းငယ်အက်ကွဲနေသော လေသံဖြင့်
ခပ်ဟဟရယ်ရင်းပြောလေတော့
သူမကသဘောရိုးဘဲတွေးရှာပေမဲ့
ကာယကံရှင်ဖြစ်တဲ့kyungဟာ
မျက်နှာပျက်ရှာသည်။ရယ်နေစမ်းပါအချစ်ရယ်~~~
အဲ့ဒီ့မျက်နှာပေါ်ကအပြုံးတွေပျောက်အောင်
ကိုယ် ဘယ်လုပ်ရက်ပါ့မလဲ?" သိပ်ရင်းနှီးခဲ့ကြတဲ့သူငယ်ချင်းတွေဆိုတော့
လက်ဆောင်မပေးလဲရတယ် မဟုတ်လား ဟဟ"ကိုယ့်လက်ဆောင်က သီးသန့်ပေးစရာမှ
မလိုတော့ဘဲkyung.
နှလုံးသားတစ်ခုလုံးကို စိတ်ကြိုက်ခြေမွဖို့
အပိုင်ပေးပြီးသားဘဲလေကွယ်..." ဒီလိုနားထောင်ကြည့်တော့jong in shiက
မသိမသာ ကပ်စေးနဲလွန်းတာဘဲ ခ်ခ် "သဘောတကျရယ်မောနေသော သူမကို
ကြည့်ရင်း kyungက ပြုံးသည်။ဒီနေ့အတွက် kyungအပြုံးကို ကျွန်တော်
ဖန်တီးလိုက်နိုင်ပြီထင်သည်။
YOU ARE READING
K.Y.U.N.G..( completed)
Short Story* ကိုယ်တို့နီးစပ်မလားဆိုတဲ့စိတ်နဲ့ ခြေလှမ်းပေါင်း၉၉၉လှမ်းကို ကိုယ့်ဘက်ကစတင်ခဲ့လိုက်တယ် ကျန်တဲ့တစ်လှမ်းအတွက် မင်းကတော့ နဲနဲလေးတောင် ကြိုးစားပြီး ခြေမကြွခဲ့ဘူးလေအချစ်ရယ်........ ဒီလိုနဲ့ကိုယ်တို့ဟာ အနီးဆုံးနဲ့ အဝေးဆုံးတွေ ဖြစ်ခဲ့ရတော့တာပါဘဲ * #Kim j...