ခင်​​ဗျားကို ကျွန်​​တော်​ မချစ်​ဘူး

121 3 0
                                    

စီးကရက်​ရနံ့​တွေကို ကျွန်​​တော်​ မုန်းတယ်

ခင်​​ဗျား နှုတ်​ခမ်းလွှာကြားက
ထွက်​ပြူလာတဲ့
အဲဒီ စီးကရက်​​ငွေ့​တွေကို
လေထုထဲပျံ့လွင့်​ခွင့်​မ​ပေးဘဲ
ကျွန်​​တော့်​အဆုတ်​ထဲထိ
ရှူသိမ်းထားချင်​​လောက်​​အောင်
မြတ်​နိုးမိ​တာ ဘာလို့လဲ

ဒါ​ပေမယ့်​ ခင်​​ဗျားကို ကျွန်​​တော်​ မချစ်​ဘူး

ဟင့်​အင်း ချစ်​ခွင့်​မရှိဘူးဆိုရင်​ ပိုမှန်​မလား

ခင်​​ဗျားက​ရော ကျွန်​​တော့်​ကို ချစ်​ရဲပါ့မလား

တူညီတဲ့အချစ်​တစ်​ခုအတွက်
ပတ်​ဝန်းကျင်​က ဝိုင်းပြီး ​​ထွေးတဲ့တံ​တွေးဟာ
ရေခဲ​ရေလိုပဲ ကျွန်​​တော့်​မျက်​နှာကို
အေးစက်​နာကျင်​​စေတယ်

ဟုတ်​ပါတယ်​​လေ
ကိုယ့်​ကိုယ်​ကိုယ်​တောင်​ လက်​သင့်​မခံနိုင်​တာ
ပတ်​ဝန်းကျင်​က လက်​ခံနိုင်​မတဲ့လား

ကျွန်​​တော်​ ခင်​​ဗျားအတွက်​ ရဲရင့်​ချင်​တယ်

ဒီလိုပဲ ကျွန်​​တော်​ ​သေချာချင်​တယ်

ခင်​​ဗျားကို ကျွန်​​တော်​ မချစ်​ဘူး ဆိုတာ

ခင်​​ဗျားလည်း ကျွန်​​တော့်​ကို
မချစ်​ဘူးမဟုတ်​လား

ခင်ဗျား...​မရယ်​ပါနဲ့
အဲဒီပြုံးမြမြမျက်​ဝန်းတစ်​စုံကို
ချစ်​မိသွားရင်​ ကျွန်​​တော်​ နာကျင်​ရလိမ့်​မယ်

ခင်​​ဗျားကို ကျွန်​​တော်​ မချစ်​ဘူး

ဒါဟာ မမှား​သော မမှန်​ခြင်းတရားပဲ

ကျွန်​​တော်​ ချစ်​​သော....​​Where stories live. Discover now