ချစ်​​သော.... ၁၂ {ငြိမ်းချမ်းစွာ ယစ်​မူး​သော အချစ်​ }{အရင်းနှီးဆုံး သူစိမ်း}

14 2 0
                                    

သူက ကျွန်​​တော့်​နှလုံးသားရှိရာ အရပ်​ဆီ လာတယ်​။
ကျွန်​​တော်​က သူ့နှလုံးသားရှိရာ အရပ်​ကို သွားတယ်​။

အနည်းငယ်​​သော လွဲ​ချော်​မှုအချို့နဲ့ပဲ
ကျွန်​​​တော်​ ချစ်​​သော.... သူနဲ့ ​ဝေးကွာခဲ့တယ်​။
ဒါဟာ ဘာထူးဆန်းလဲ။

တူညီတဲ့အရပ်​ဆီ မျက်​နှာမူထားတဲ့ မျဉ်းနှစ်​​ကြောင်း ဆုံစည်းဖြစ်​တယ်​ဆိုတဲ့အရာကမှ ထူးဆန်းတာ​ပေါ့။
ကံမ​ကောင်းတာတစ်​ခုက သူနဲ့ကျွန်​​တော့်​ကြားမှာ အဲဒီထူးဆန်းမှုကို ​ဝေမျှ ခံစားဖို့ ကံပါမလာဘူး။

ဒီလိုနဲ့ပဲ ကျွန်​​တော်​တို့ ​ဝေးကွာကြ​တော့မှာလား။
ကျွန်​​တော်​ ကိုယ်​တိုင်​​တောင်​ ​သိချင်​မိတဲ့
မေးခွန်းတစ်​ခုဖြစ်​လို့ အ​ဖြေမရှိ​သေးတာ
သေချာပါတယ်​။

_____________

မနက်​ခင်း​လေ​ပြေသည်​ တ​နှော့​နှော့ဖြင့်
ခပ်​​အေး​အေးတိုက်​ခတ်​​နေသည်​ ထင်​ပါရဲ့။
ပြတင်း​ပေါက်​က ခန်းဆီးစဖြူလွှလွှဟာ တလှုပ်​လှုပ်​နဲ့ ယိမ်းထိုးကခုန်​​နေတယ်​။
ငြိမ်​သက်​​နေတဲ့ အရာတစ်​ခု​တော့ရှိတယ်​။
အရာတစ်​ခုထက်​ လူသားတစ်​​ယောက်​ဆို
ပိုမှန်​မယ်​ထင်​ပါရဲ့။
ပိုတိတိကျကျ​ပြောရရင်​ ကျွန်​​တော်​ချစ်​​သော.... လူသားတစ်​​ယောက်​။

လူတစ်​​​ယောက်​ နှစ်​ခြိုက်​စွာ အိပ်​​ပျော်​​နေတဲ့အချိန်​ဟာ သိပ်​ကိုအပြစ်​ကင်းလှတဲ့အချိန်​ဆိုလားပဲ။
ကြည့်​ပါဦး။ သူလည်း နှစ်​နှစ်​ခြိုက်​ခြိုက်
အိပ်​​ပျော်​​နေလိုက်​တာ။

သူ့မျက်​နှာ​ပေါ်မှာ ဖြာကျ​နေတဲ့ မနက်​ခင်း
နေ​ရောင်​​လေးကို ကျွန်​​တော်​ ချစ်​သည်​။
အဲဒီ​နေ​ရောင်​​လေး အိပ်​​ပျော်​​နေတဲ့သူ့ကို မ​နှောင့်​ယှက်​နိုင်​​အောင်​ ကျွန်​​တော့်​လက်​ဖဝါး​လေးဖြင့်​ တတ်​စွမ်းသမျှ ကာကွယ်​​ပေးရတဲ့အခိုက်​အတန့်​​လေးကို
ကျွန်​​တော်​ချစ်​သည်​။

သူ့ရဲ့ ရှည်​​ကော့​ကော့မျက်​​တောင်​​လေး​တွေ။
ပါးပြင်​​ပေါ်က ​မွေးညှင်းနုနု​လေး​တွေ။
သူရှူရှိုက်​​နေတဲ့ ဝင်​သက်​ထွက်​သက်​​လေး​တွေ။
သူ့နှုတ်​ခမ်းဖျားက ပြုံး​နေသ​ယောင်​ ခပ်​​ကွေး​ကွေး​ထောင့်​ချိုး​လေး​တွေ။ အရာအားလုံး​ပေါ့။

You've reached the end of published parts.

⏰ Last updated: Dec 06, 2018 ⏰

Add this story to your Library to get notified about new parts!

ကျွန်​​တော်​ ချစ်​​သော....​​Where stories live. Discover now