ချစ်​​သော.... (၁၀) {တတိယလူ}

8 1 0
                                    

"မင်း ကို ကိုယ်​ ချစ်​ တယ်​ "

စကားလုံးတစ်​လုံးချင်းစီ ​သေချာကြားလိုက်​ရ​သော​ကြောင့်​ ခင်​​ဗျား​ရော ကျွန်​​တော်​​ရော နားကြားမလွဲတာ ​သေချာပါတယ်​ ချစ်​​သော....စာဖတ်​သူ​ရေ။

ဟုတ်​ပါတယ်​။ အဲဒီစကားကို ​ပြောတဲ့သူကလည်း ခင်​​ဗျား​ရော ကျွန်​​တော်​​ရော သိထားတဲ့ ကျွန်​​တော်​ချစ်​​သော.... သူပါ။ အဲဒါဆို ကျွန်​​တော်​​ပျော်​သင့်​တယ်​လို့ ခင်​​ဗျားထင်​သလား။

ကျွန်​​တော်​ မ​ပျော်​ဘူး​​ဗျ။ နည်းနည်း​လေး​တော့ ရင်​ခုန်​ပါတယ်​။ဘာလို့လဲဆို​တော့ ဒီစကားဟာ ကျွန်​​တော်​သူ့ဆီက ပထမဆုံးကြားခဲ့ရတဲ့ "ချစ်​တယ်​"ဆိုတဲ့စကားဖြစ်​​နေတဲ့အတွက်​​ရော။ ​နောက်​ ခင်​​ဗျားကို အခု​ပြောပြမှာက လွန်​ခဲ့တဲ့ ၅နှစ်​​လောက်​က အ​ကြောင်းအရာတစ်​ခုကို ပြန်​​ပြောပြရမှာဖြစ်​လို့ပါ။

တကယ်​လို့သာ....
သူ့ဆီက အဲဒီ "ချစ်​တယ်​"ဆိုတဲ့စကားကို ဒုတိယအကြိမ်​ထပ်​ကြားသိခွင့်​ရှိခဲ့ရင်​​တော့ ကျွန်​​တော်​ ​ပျော်​ဖြစ်​မှာပါ။ အဲ ...မဟုတ်​​သေးဘူး။ ကျွန်​​တော်​ နှလုံးခုန်​ရပ်​သွားမလား​တောင်​ မ​ပြောတတ်​ပါဘူး။

ပထမဆုံးကြားခဲ့ရတဲ့ "ချစ်​တယ်​" ဆိုတဲ့စကားတစ်​ခွန်းဟာ ကျွန်​​တော့်​ကိုအဲဒီ​လောက်​ ရင်​ခုန်​နိုင်​​အောင်​ စွမ်းနိုင်​လိမ့်​မယ်​လို့ ​မထင်​ထားမိဘူး။ အဲဒီစကားကို အဲဒီလိုလူမျိုးတစ်​​ယောက်​ဆီက​နေ ကြားရလိမ့်​မယ်​လို့ ​မျှော်​လင့်​မထားခဲ့တာလည်း ဖြစ်​​ကောင်းဖြစ်​နိုင်​တယ်​။ ဘာလို့ဆို ကျွန်​​တော့်​တို့နှစ်​ဦးကြား အ​ခြေအ​နေ​တွေကလည်း အဲဒီအချိန်​ကထူးဆန်း​နေ​သေးတာကို။

ကျွန်​​တော်​တို့ကြားက အ​ခြေအ​နေတစ်​ခုကို သိရှိခံစားခဲ့ကြ​ပေမယ့်​ သူ​ရော ကျွန်​​တော်​​ရော နားလည်​ကြမယ့်​ ဘာသာပြန်​စရာစကားလုံးရှာမ​တွေ့ဖြစ်​​နေခဲ့ကြတာ။ အဲဒီအရာကို ကျွန်​​တော်​တို့လက်​မခံနိုင်​ဖြစ်​​နေခဲ့ကြတာလည်း ဖြစ်​​ကောင်းဖြစ်​နိုင်​တယ်။

ကျွန်​​တော်​ ချစ်​​သော....​​Where stories live. Discover now