ချစ်​​သော.... ၁၁ {ဖြူစင်​​သော အချစ်​နွံ ချိုမြိန်​​သော သကြားလုံး}

11 1 0
                                    

လူတစ်​​ယောက်​ကို ခွင့်​လွှတ်​စာနာနားလည်​နိုင်​ဖို့ဆို​သော အရာသည်​ ခက်​ခဲမည်​ထင်​ရ​သော်​လည်း
အဲဒီလူတစ်​​ယောက်​ကို မချစ်​မိ​အောင်​ မနစ်​ဝင်​မိ​အောင်​ကြိုးစားရသည်​မှာ ပို၍ခက်​ခဲမည်​ဟု ကျွန်​​တော်​ထင်​ပါသည်​။

ကျွန်​​တော်​သည်​လည်း ​နောက်​ဆုတ်​ရင်း​နောက်​ဆုတ်​ရင်း အဲဒီအချစ်​နွံထဲမှာ နစ်​သထက်​နစ်​ဝင်​​နေဆဲပင်​ဖြစ်​ပါသည်​။

ချစ်​​သော....စာဖတ်​သူ​ရေ။
ခင်​​ဗျား​ရော အဲဒီလို ရုန်းမရတဲ့အချစ်​နွံထဲမှာ နစ်​ဝင်​ခဲ့ဖူးသလား။

_________

တိမ်​ညိုညို​တွေ အဆုပ်​လိုက်​ အခိုင်​လိုက်​ ပွင့်​​နေ​ခဲ့​သော​နေ့တစ်​​နေ့ကဖြစ်​မည်​ ဖြစ်​ပါသည်​။
သူနဲ့ကျွန်​​တော်​ တစ်​စုံတစ်​ခု​သော အ​ကြောင်းအရာနှင့်​ ပတ်​သက်​ပြီး အနည်းငယ်​ စကားများထားကြသည်​။

ကျောင်းကန်​တင်း​ရောက်​သည်​အထိ စကားမ​ပြောဖြစ်​ကြ။

"ဘာဖြစ်​​နေကြတာလဲ" သူငယ်​ချင်းတစ်​​ယောက်​က ​မေး​တော့

"ငါ သူနဲ့စကားမ​ပြောချင်​ဘူး" သူက အရင်​​ပြောသည်​။

"ဟ ဘာဖြစ်​ရပြန်​တာလဲ"

"မသိပါဘူး အလကား​နေရင်း စိတ်​တို​နေတာ တစ်​နှစ်​မှာ
၁၂ လရှိရင်​ ၁၃လ​လောက်​စိတ်​တို​နေချင်​တဲ့ အမျိုး"

"မင်း လုပ်​ပုံက​ရော ဟုတ်​လို့လား ဟင်
ဟိုတစ်​​ယောက်​ကျ လက်​မှတ်​ထိုး​ပေးပြီး
ကိုယ့်​ကျ​တော့ ​ရော့ လက်​မှတ်​ထိုးလိုက်​ဦးတဲ့ "

"ဟားဟား လက်​မှတ်​ထိုးမ​ပေးတာနဲ့များ စိတ်​တို​နေရတယ်​လို့ကွာ "

သူငယ်​ချင်း​တွေက ဝိုင်းရယ်​​တော့ သူ့မျက်​နှာအနည်းငယ်​မျှ နှင်းဆီ​ရောင်​လွှမ်းသွားသည်​ထင့်​။

"အဲဒါ​ကြောင့်​ ငါ့ကိုလက်​မှတ်​ပိုထိုး​ပေးလို့ဆိုပြီး တီချယ့်​ဆီက ​ခေါင်း​ခေါက်​ခံရတာကျ မင်းမ​ပြော​တော့ဘူးလား"

"နည်း​တောင်​နည်း​သေးတာ တီချယ်​က တုတ်​ကြီးကြီးနဲ့ရိုက်​ရမှာ"

ကျွန်​​တော်​ ချစ်​​သော....​​Where stories live. Discover now