ချစ်​​သော....၅ {Dreamy Sunday }

8 1 0
                                    

ဒီ​နေ့က တနင်္ဂ​နွေ​နေ့။
ဘယ်​ဟုတ်​မလဲ။
ခင်​​ဗျား ဒီစာကို ဖတ်​​နေရတဲ့အချိန်​ဆို အဲဒီအချိန်​ဟာ တနင်္လာ သို့မဟုတ်​ အင်္ဂါ​နေ့တစ်​ခုခုဖြစ်​​နေ​လောက်​ပြီ။ ဘာပဲဖြစ်​ဖြစ်​ပါ ကျွန်​​တော်​ အခု​ပြောမယ့်​ အ​ကြောင်းအရာဟာ တနင်္ဂ​နွေတစ်​ရက်​မှာဖြစ်​ခဲ့တယ်​လို့ ခင်​​ဗျား သိ​နေရင်​ပြီးတာပါပဲ။

ကျွန်​​တော်​ ဒီ​ကော်​ဖီဆိုင်​​လေးဆီ ​ရောက်​ဖြစ်​ခဲ့ပြန်​ပြီ။
သူ​ရောက်​လာလာ မလာလာ ကျွန်​​တော်​က​တော့ ဒီ​ကော်​ဖီဆိုင်​​လေးဆီ ​ရောက်​လာခဲ့ပြန်​ပြီိ။

"​ ဘာကော်​ဖီ သောက်​မလဲ​ဗျ
ဘယ်​လို​ပေးရမလဲ"

"espressoနှစ်​ခွက်​ နို့နည်းနည်း​လေး များ​ပေး​နော်​"

"​အော်​ ဟိုတစ်​​ယောက်​အတွက်​​ရောလား"

ကျွန်​​တော်​ ဆိုင်​ရှင်​အစ်​ကိုကြီးကို ပြုံးပြရုံထက်​ ဘာမှပြန်​မ​ဖြေနိုင်​ခဲ့ဘူး။

"ဒီတစ်​ပတ်​ တနင်္ဂ​နွေ ကိုယ်​ရှိ​နေနိုင်​မယ်​ မထင်​ဘူး"

သိပ်​မကြာ​သေးခင်​က ဖုန်းဆက်​သွယ်​မှုတစ်​ခုမှာ သူ​ပြောခဲ့တာ။
ဟုတ်​ပါရဲ့။ သူမလာနိုင်​ဘူး ဆိုတာ​သေချာ​ပြောပြထားရဲ့သားနဲ့ ကျွန်​​တော်
ဘာအတွက်​​ကြောင့်​များ သူ့အတွက်​​ကော်​ဖီတစ်​ခွက်​ ပိုမှာ​ပေးမိ​နေတာလဲ။
သူ လာ​ဖြစ်​ဦးမယ်​လို့များ ကျွန်​​တော်​ ​မျှော်​လင့်​​နေ​မိလို့လား။

စိတ်​ကူးယဉ်​လွန်း​နေပြန်​ပါပြီ။

"​ရော့ ဒီ​နေ့အတွက်​ ကိတ်​မုန့်​လက်​​ဆောင်​"

အသည်းပုံလှလှ​လေးနဲ့ ကိတ်​မုန့်​​လေးဟာ ​ချောကလက်နဲ့စ​တော်​ဘယ်​ရီအရသာ တစ်​ခြမ်းစီဖြစ်​မယ်​။
သိပ်​ကိုလှလွန်းလို့ စားရက်​စရာ​တောင်​မရှိဘူး။ ကျွန်​​တော်​ နှစ်​လိုစွာပြုံးပြရင်း

"​ကျေးဇူး အစ်​ကို စား​ကောင်းမယ့်​ပုံပဲ ​ကောင်း​ကောင်းစားပါ့မယ်​"

ဆိုင်​ရှင်​အစ်​ကိုကြီးက နူးညံ့စွာပြုံးပြတယ်​။ အဲဒီ့အပြုံးဟာ အရမ်းလှတာပဲ။
ကိုယ်​တိုင်​ကိုယ်​ကျ ဖန်တီးပြုလုပ်​ထားတဲ့အရာတစ်​ခုကို အခြားသူတစ်​​ယောက်​က
သ​ဘောကျနှစ်​ခြိုက်​စွာ တုံ့ပြန်​လို့​ပျော်​သွားတဲ့ ဖြူစင်​အပြစ်​ကင်းတဲ့အပြုံးမျိုး။

ကျွန်​​တော်​ ချစ်​​သော....​​Where stories live. Discover now