C-2(Uni+Zawgyi)

457 46 5
                                    

(ZawGyi)

ရာသီဥတု တအားမပူရင် အဲကွန်းမ​ပြောနဲ့
ပန်ကာ​တောင်မဖွင့်တဲ့ ဦ​လေးက
ဒီမနက်ပိုင်း မိုးအုံ့ပြီး ပူစပ်ပူစပ်ဖြစ်​နေတာ​ကြောင့်
အဲကွန်းဖွင့်ထားတာမို့ လုဟန် ဇိမ်ကျ​​နေတာအမှန်

ခြေထောက် နာနေသည်ကို အကြောင်းပြုပြီး
အိမ်ရှေ့က ဆို​ဖာပေါ်မှာ လဲကာ ကူရှင်လေးကို ခေါင်းအုံးပြီး အဲကွန်း​လေခံကာ ပြန်အိပ်ဖို့ လုဟန် ပြင်ဆင်​နေမိတယ်။
ဘဝမှာ အ​​ရေးကြီး ဆုံး က အိပ်ဖို့ပဲ

"လုဟန်​လေး လမ်းထိပ်က အဒေါ်ကြီးဂျောင် ဆီမှာ ကြက်ဥ သွားဝယ်ပေး"

ဟိန်းကနဲထွက်လာတဲ့အာဏာသံမကျ အမိန့်မကျလေသံကြီးနဲ့က အိပ်စက်ချိန်ကိုဖျက်စီးဖို့​ရောက်လာတာမို့ လုဟန် ဆူပုတ်ပုတ်နဲ့ ထထိုင်ရင်း မီးဖို​ချောင်ထဲက ဦး​လေးကို ဂျိုကစ် ကစ်လိုက်တယ်။

ခိုင်းစားလိုက်တာများ သူ့တူ မဟုတ်သလိုပဲ

"လုဟန် ကြက်ဥဝယ်ပေးလို့"

အသံပြန်မ​ပေးပဲ​ပေကပ်ကပ်ထိုင်​နေရင်း မီးဖို​ချောင်ထဲ လှမ်းကြည့်လိုက်​တော့ အေပရွန်ကြီးနဲ့ အသားလှီးဓား ကိုင်ကာ တစ်ခုခုကိုလှီး​နေတဲ့ ​​သူ့ဦး​လေး

ဒီတူ​လေး ​ခြေ​ထောက်​နာ​နေတာသိလို့ ​ကျွေး​​နေကျ ဝက်အူ​ချောင်း​တွေအစား
အသား​လေးဘာ​လေးဝယ်​ကျွေးတာလားဆိုတဲ့ အ​တွေးနဲ့ မျက်ရည်ဝဲပြီး ကူရှင်​လေးကို ပိုဖိဖတ်လိုက်တယ်။

လောကမှာ ငါ့ဦး​လေး အ​ကောင်းဆုံး~

"လုဟန် မ​ပေကပ်နဲ့ သွား ငါဒီမှာ ဝက်အူ​ချောင်း​ကြော်​နေတာ မအားဘူး"

"ဟင် ဝက်အူ​ချောင်း "

လောကမှာ ငါ့ဦး​လေး မ​ကောင်းဆုံးပါပဲ T T
အဲ့ဝက်အူ​ချောင်း​တွေကို လုဟန်စား​နေရတာ
၁ပတ်​လောက်ရှိ​နေပြီ။

လူပျိုဦး​လေးကြီးကို ပိုး​ကြေးပမ်း​ကြေး အ​နေနဲ့
နယ်ထွက် ဝက်အူ​ချောင်း​တွေအများကြီး လာပို့သွားတဲ့ လမ်းထိပ်ကအပျိုကြီး လင်မရပါ​စေနဲ့ လို့ လုဟန်​မေတ္တာ​တွေပို့သလိုက်​နေမိတယ်။

The Day I First Met Love ( Hiatus )Where stories live. Discover now