(Unicode)
[Sehun pov: P-4]
ပထမနှစ်ဘတ်သွားတဲ့လှေကား မှာ ဆယ်ဟွန်းကမတ်တပ်ရပ်ပြီး ဆံပင်ကို ပုံကျအောင် လက်တစ်ဖက်နဲ့ဖိတင်လိုက်တယ်။
နောက်လက်တစ်ဖက်က ဆေးထုပ်ကိုင်ထားတာ မနေ့က အိမ်တူတူပြန်ကြပေမဲ့ ရှောင်ဟန်က သူ့ထက်မိုးစိုသွားတာမို့ အအေးမမိရအောင် ဆေးလာပေးတာ...မနက် က ရှင်းအာ ကို အတင်းမေးလာတာမို့ ရှောင်ဟန်အခန်းကိုသိပြီးသား... ခပ်တည်တည်နဲ့အခန်းရှေ့ရောက်သွားတော့ အထဲမှာ စာပါသင်နေပြီ။ ဆရာမသိအောင် အပေါက်ဝကနေ ရှောင်ဟန်ကိုရှာမိတော့ မတွေ့ ..... ခန္ဓါကိုယ်သေးသေးမို့ မတွေ့တာများလားဆိုပြီး သေချာထပ်ကြည့်လဲမတွေ့
အတန်းပြေးတာများလားလို့တွေးမိနေတုန်း ဆရာကစာသင်ပြီးလို့ထွက်သွားတော့ ဆယ်ဟွန်းကိုရီပြသွားသေး..
ကျောင်းမလာတာလား အတန်းများပြေးတာလားမသဲကွဲ တစ်ယောက်ယောက်ကိုမေးကြည့်ဖို့လုပ်နေတုန်း
သူ့လိုပဲအခန်းပေါက်ဝမှာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ကောင်လေးတစ်ယောက်..."ဟူး တော်သေးတယ် ဆရာမဝင်သေးလို့"
ရင်ဘတ်လေးကိုဖိရင်း ဆရာမဝင်သေးဘူးထင်နေလားမသိ..
ဟိုကသင်ပြီးထွက်သွားတာ သူနဲ့ရှေ့ဆင့်နောက်ဆင့်
ပထမနှစ် ဒီအခန်းထဲက သေချာတာမို့
ဆယ်ဟွန်း သူ့ရှေ့ကကောင်လေးကို မေးကြည့်ခိုင်းရင်ရမယ်ထင်တယ်" ဒီမယ် ငါ့ညီက ဒီအခန်းကလား ECကိုတစ်ချက်လောက်ခေါ်ပေးနိုင်မလား "
"ခဗျာ ကျနော်က EC"
"ဟေ"
ပြူးကြောင်ကြောင်နဲ့ပြန်ဖြေတော့ ဆယ်ဟွန်း အသံတောင်မထွက်နိုင်တော့ ကောင်းသားပဲ စာသင်ချိန်လွှတ်တဲ့ECပေါ့
"လုဟန် အင်း လုဟန်အတန်းမှာမရှိလို့ သူ့သူငယ်ချင်းများသိရင်ခေါ်ပေးပါလား"
"ကျွန်တော်က လုဟန်သူငယ်ချင်း"
အေးကောင်းသားပဲလို့ စိတ်ထဲတွေးရင်း ကိုယ့်ကို လက်မအကြီးကြီးပေးလိုက်မိသည်။ ငါလူရှာတအားတော်
YOU ARE READING
The Day I First Met Love ( Hiatus )
FanfictionCrushကိုစျေးဗန်းအတင်းခင်းတာတောင်ရည်းစားမရတဲ့လူကတော်ယုံFaလား လုဟန်ကတော့ စျေးဗန်းမချရသေးဘူး ကိုကြီးက တန်းဝယ်သွားတာ အားကျလား အားကျလဲမတတ်နိုင်ဘူး ဆက်အားကျနေလိုက် :3