(Unicode)
"လုဟန် ဒီနေ့ မင်းကိုကြီး... "
"ငါမရှိဘူးပြောလိုက်"
စကားပြောလို့တောင်မဆုံးသေးဖြတ်ပြောခံလိုက်ရတာမို့
ရီရှင်း ပါးစပ်ပိတ်ပြီး ဘေးက လုဟန်ကို
ဘုကြည့်ကြည့်လိုက်တယ်။"မင်းပဲ မျှော်နေတာမဟုတ်ဘူးလား လည်ပင်းကအခန်းပြင်ရောက်တော့မယ်"
"ငါမမျှော်ပါဘူး ပေါက်တတ်ကရ"
"မင်းကိုကြီး ဒီနေ့တော့ အခန်းရှေ့ မရှိဘူးနော် မအားဘူးလားမသိဘူး"
"...."
ဒီတစ်ခါကျ စကားပြန်ပြောဖို့ပြင်နေတဲ့ လုဟန်က
တိတ်ကျသွားတယ်။
နေ့တိုင်းတွေ့နေကျ မျက်နှာက မရှိတော့ရင် ခုလု ခုလု နဲ့လုဟန်ဘဝက ခုရက်ပိုင်းမှာ ဟိုပြေး ဒီပြေး
ပတ်ပြေးနေရတယ်
အကြွေးရှင်လိုက်လို့မဟုတ်ဘူး ကိုကြီးဆယ်ဟွန်းလိုက်တာ
ခံနေရလို့ဟိုတစ်ခါ ပါးကိုနမ်းသွားတဲ့ကိစ္စဖြစ်ပြီးကတည်းက လုဟန်က ကိုကြီး ကိုဆို ပတ်ရှောင်သွားတတ်သလို ကိုကြီးကလဲ လုဟန်တို့အခန်းရှေ့မှာ မတွေ့မချင်းလာရပ်စောင့်နေတတ်တယ်။
အဲ့ခါကျ ကိုကြီး ကို မတွေ့လေကောင်းလေဆိုတဲ့အတွေးနဲ့
လုဟန်က ရီရှင်းကို အားကိုးကာ
ရှောင်လင်သိုင်းကို မသင်ပဲတတ်ပြီး ပတ်ပြေးနေခဲ့တာကျောင်းမှာလဲရှောင် ကားဂိတ်မှာလဲရှောင်
လမ်းထဲလဲရှောင် ကိုကြီးနဲ့တွေ့နိုင်မဲ့နေရာ မှန်သမျှ လုဟန် အကုန်ရှောင်တယ်။
ကိုကြီးနဲ့ထိပ်တိုက်တွေ့ရင် လုဟန် နှလုံးသားအရည်ပျော်တော့မလို ခံစားနေရလို့ ရှောင်ချင်တာ...ကိုကြီးကတော့ သူမှားတယ်ဆိုပြီး တောင်းပန်ချင်လို့အနောက်ကလိုက်နေတာလို့ လုဟန်က တွေးထားတယ်။ တကယ်လဲ အဲ့လိုပဲနေမှာ
အိမ်ရှေ့တည့်တည့်ကြီး လာနမ်းသွားတာကို လူမှားနမ်းခံရတယ်လို့ထင်တာလဲမမေးနဲ့ လုဟန်ထင်ချင်ရာထင်မယ်
ကြားဖူးသလောက်ဆို ကိုကြီးကိုကြိုက်နေတဲ့သူအများသား..
ကိုကြီးကလဲ ကြိုက်နေတဲ့သူ ရှိမှာပဲ
ဟိုတနေ့က မိုးလဲချုပ်နေတာဆိုတော့ ကိုကြီးက သူကြိုက်နေတဲ့လူနဲ့မှားပြီး နမ်းမိတာနေမှာ...
YOU ARE READING
The Day I First Met Love ( Hiatus )
FanfictionCrushကိုစျေးဗန်းအတင်းခင်းတာတောင်ရည်းစားမရတဲ့လူကတော်ယုံFaလား လုဟန်ကတော့ စျေးဗန်းမချရသေးဘူး ကိုကြီးက တန်းဝယ်သွားတာ အားကျလား အားကျလဲမတတ်နိုင်ဘူး ဆက်အားကျနေလိုက် :3