(Unicode)
[Sehun pov: P-3]
"တတိယနှစ်တွေ assignment လုပ်ဖို့ ၃ယောက်တစ်ဖွဲ့အဆင်ပြေသလိုစုလုပ်ကြ deadline ကို နောက်မှထပ်ပြောမယ် ဒီနေ့တော့ စာသင်တာ ဒီလောက်ပဲ"
ပြောပြီးတာနဲ့ထွက်သွားတဲ့ဆရာကို ဘာရယ်မဟုတ်လိုက်ကြည့်နေရာကနေ ပခုံးကိုလာပုတ်တာကြောင့် ဆယ်ဟွန်းလှည့်ကြည့်လိုက်တော့ ဘေးနားမှာထိုင်နေတဲ့ ရှင်းအာ...
"ပြော"
"အဖွဲ့က မင်းနဲ့ငါ နောက်တစ်ယောက်ဘယ်သူထည့်မလဲ"
"လုပ်ရကိုင်ရအဆင်ပြေတဲ့သူထည့်
မိန်းခလေးတော့မလုပ်နဲ့နော်""မင်းနဲ့ပေါင်းလာတာ ၃နှစ်ရှိပြီ ဒီလောက်တော့သိပါတယ်ဟ
ငါက ကောင်စီကိစ္စတွေနဲ့ မအားဘူး တော်တဲ့တစ်ယောက်ကိုရွေးလိုက်မယ်လေ""မင်းသဘော ငါသွားတော့မယ်"
"ဘယ်တုန်း"
"စာကြည့်တိုက်"
ရှင်းအာနဲ့ပြောပြီးပြီးချင်း လွယ်အိတ်ကိုဆွဲရင်း ဆယ်ဟွန်း
ထထွက်လာလိုက်သည်။
ဒီနေ့အတွတ်နောက်တစ်ချိန် မရှိတော့ဘူးလေ..အိမ်မပြန်ချင်သေးတာနဲ့အတူတူ
စာကြည့်တိုက်မှာပဲ assignment အတွတ်လိုအပ်တဲ့စာတွေကြည့်ဖို့တွေးလိုက်တယ်... သွားနေရင်း လမ်းမှာ ပထမနှစ်က ကောင်ငယ်လေးအကြောင်း တွေးမိတော့ ဆယ်ဟွန်းက အလိုလို ပြုံးမိပြန်ရော...ဦးနှောက်ကထိန်းလဲ နှလုံးသားကထိန်းမရဘူးလေ
ချစ်ရတဲ့လူအကြောင်းတွေးမိတိုင်း ပြုံးမိနေတာတော့ မတတ်နိုင်ဘူး။ဖြစ်နိုင်ရင် ပထမနှစ် အခန်းဘတ် ပြေးတွေ့ချင်တာ တော်ကြာ မိန်းခလေးအုပ်စုတွေကိုမထိန်းနိုင်မှာဆိုးလို့....
အချို့ကောင်မလေးတွေကတအားလက်ရဲဆက်ရဲနိုင်တယ်
တွေ့တာနဲ့ ၆ပေအကွာကနေ
ရည်းစားစကားပြောတာမျိုးတွေပေါ့...
ဘာလို့၆ပေကွာတာလဲသိလား (ကိုဗစ်ကူးမှာဆိုးလို့)
အနေတည်တဲ့ အိုဆယ်ဟွန်းနား ဘယ်သူမှ သိပ်မကပ်ရဲကြ
....အကြည့်နဲ့တင် ' ငါ့အနားကိုမကပ်ကြနဲ့ ' ဆိုပြီး သတိပေးထားတာ အလိုလိုသိနေကြလို့...
YOU ARE READING
The Day I First Met Love ( Hiatus )
FanfictionCrushကိုစျေးဗန်းအတင်းခင်းတာတောင်ရည်းစားမရတဲ့လူကတော်ယုံFaလား လုဟန်ကတော့ စျေးဗန်းမချရသေးဘူး ကိုကြီးက တန်းဝယ်သွားတာ အားကျလား အားကျလဲမတတ်နိုင်ဘူး ဆက်အားကျနေလိုက် :3