(Unicode)မင်းတို့ကိုပြောပြရင်ယုံမှာတောင်မဟုတ်ဘူး လုဟန်ဆိုတဲ့ငါက ကိုကြီးနဲ့တူတူ ပန်းခြံမှာလမ်းလျှောက်နေရတယ်။
ထမင်းစားပြီးတော့ အိမ်တန်းပြန်ရမယ်ထင်တာ ကိုကြီးက ထပ်ဆွဲလားရမ်းလားနဲ့ လုဟန် လက်ကိုဆွဲပြီး သွားမယ်ဆိုပြီးခေါ်ချလာတာပဲ.... လုဟန် သူနဲ့ဘေးချင်းကပ်လမ်းတူတူလျှောက်နေတဲ့ ချောမောလှတဲ့အကိုကြီးကို မသိမသာခိုးကြည့်လိုက်တယ်။
ဒီကိုကြီးတကယ့်ကိုစမတ်ကျတာဗျာ
လုဟန်ထက် ချောတာ ကမ္ဘာပေါ်မှာ ဒီကိုကြီးတစ်ယောက်ပဲတွေ့ဖူးတယ်။
ဒီလောက်ချောတာ ကြိုက်တဲ့ကောင်မလေးတွေများမှာပဲ လို့ တွေးမိတော့ လုဟန် စိတ်ထဲမကျေမနပ်ဖြစ်ကာ ကိုကြီး ကို စိုက်ကြည့်လိုက်တယ်။
*ငါလေးလဲချောတာကို ဘာလို့လာမကြိုက်ကြတာလဲ*"ဘာလို့လဲ လမ်းမလျှောက်ချင်တော့လို့ ကြည့်နေတာလား"
"ဟမ် အဟမ်း..သစ်ရွက်ဝါဝါလေးတွေ ကြွေကျတာလှလို့ငေးနေတာ.."
ကိုယ့်ဘာသာ လာကြိုက်မဲ့သူမရှိလို့ ကြည့်မိလိုက်တာကို
ကိုကြီးကတစ်မျိုးထင်ပြီး လုဟန်ဘတ် ခပ်ပြုံးပြုံး နဲ့စကားပြောလာတာမို့ နည်းနည်းတော့ ကြောင်သွားတာမို့ ပါးစပ်ထဲရှိတာ ကောက်ပြောရင်း ရယ်ပြလိုက်တယ်။
တကယ်တမ်းလဲ
ကိုကြီးကြောင့်သာ လမ်းလျှောက်နေရတာ လုဟန်အတွတ်ကတော့ ပင်ပန်းပါတယ်။"ဒါဆို ကိုကြီးတို့ ဟိုမှာ ထိုင်ကြမယ်လေ"
ကိုကြီးလက်ညိုးထိုးပြတဲ့ နေရာလေးကိုကြည့်တော့
နေဝင်တာကိုသေချာမြင်နိုင်မဲ့ထိုင်ခုံလေး~ကျောင်းကိစ္စကလွဲရင် ကျန်တာပြောစရာဘာမှသိပ်မရှိ
ရှိတာ တွေကလဲ စောနက ထမင်းစားတုန်းက ပြောပြီးနေတာမို့ ဘာစကားမှမပြောပဲ ခုံမှာ တူတူထိုင်ရင်း ဝင်တော့မဲ့နေလုံးကိုသာ နှစ်ယောက်တူတူထိုင်ကြည့်နေမိကြသည်။လုဟန်ကတော့ ကိုကြီး ကို မထင်ရင် မထင်သလိုငေးသည်။
ငေးတိုင်းလဲ လုဟန်ကိုပြန်ကြည့်နေတတ်တဲ့ ကိုကြီး မျက်ဝန်းနဲ့ ဆုံတတ်သေးတာမို့ လုဟန် မျက်နှာက ပူထူနေလေရဲ့~
YOU ARE READING
The Day I First Met Love ( Hiatus )
FanfictionCrushကိုစျေးဗန်းအတင်းခင်းတာတောင်ရည်းစားမရတဲ့လူကတော်ယုံFaလား လုဟန်ကတော့ စျေးဗန်းမချရသေးဘူး ကိုကြီးက တန်းဝယ်သွားတာ အားကျလား အားကျလဲမတတ်နိုင်ဘူး ဆက်အားကျနေလိုက် :3