အပိုင်း(၇)Zaw Gyi / Unicode

1.9K 119 4
                                    

Zaw Gyi

သူဒီနေ့ ကောင်လေးနဲ့ချိန်းထားလို့ ပုံမှန်ထက်
ဆေးရုံကိုစောရောက်နေမိသည်။၇နာရီ၁၅ပဲရှိသေးသည်။ကားပါကင်မှာပဲ ကားကို
မှီပြီး သူအတွေးနယ်လွန်နေမိသည်။အခုတလော
သူ့စိတ်သည် လူနှင့်မကပ်နိုင်ပဲ တစ်နေရာရာကို
လွှင့်နေတက်တာလည်း သူရိပ်မိနေသည်။
ဒီလိုမှိုင်တွေခြင်းသည် သူ့ပုံစံမဟုတ်။

ph ringtoneမြည်လာသောကြောင့်
သူph screenကို မကြည့်ပဲ ကိုင်လိုက်သည်။

"အကို~~ဘယ်မှာလဲ
ကျွန်တော်ဆေးရုံရောက်နေပြီ"
"အစောကြီးရှိသေးတယ်~~~ရောက်နေပြီလား
ငါကားပါကင်မှာ လာခဲ့"

တစ်ဖက်က phချသွားတော့ သူသက်ပြင်းသဲ့သဲ့
ချမိသည်။ တခြားတော့မဟုတ် ကောင်လေးအသံ
ကြားတော့ သူပျော်မိသွားခြင်းကြောင့်ပင် ဖြစ်သည်။ ယောက်ျားလေးတစ်ယောက်ရဲ့
အသံကြားတာနဲ့ အဲ့ဒီလောက်ပျော်လို့ရရဲ့လား
သူမေးခွန်းထုတ်နေမိသည်။

"အကို"
"ဟမ်~~ရောက်လာပြီလား"
"ဟုတ် လှေခါးသွားယူမယ်လေ"
"အင်း~~ပြီးရင် ငါနဲ့တစ်ခုခုသွားစားရအောင်
စောသေးတယ်မလား"
"အင်း စောသေးတယ်"
"မင်း ဂိုဒေါင် အခန်းသွားဖွင့်ထားလေ ငါလှေခါးသယ်လာခဲ့မယ်"
"ဟာ~~~မဟုတ်တာ"
"သွားပါ~~ငါသယ်လာမယ်"

သူအားနာသည်။ အားနာသည့်ကြားထဲက ခိုင်းလိုက်မိပြန်သည်။ပြီးတော့ shirt အင်္ကျီအပြာနှင့် စတိုင်ပင်ဘောင်းဘီ အနက်အရှည်
ကိုဝတ်ထားသော သူ့ပုံစံကို မျက်လုံးထဲမှမထွက်။
အထူးသဖြင့် သူသိပ်ကြိုက်ရသော အရှေ့ချထားသော ဆံနွယ်တွေ ဘုဆက်ဆက်
စကားပြောပုံတွေကြောင့် တစ်ခါမြင်ရတိုင်း
တစ်ခါရင်ခုန်ရပါသည်။ သူသည် အခြောက်လား။
အခြောက်ဖြစ်ရအောင်လည်း မိန်းမလိုဝတ်စား
ဖို့မပြောနှင့် နွဲ့နွဲ့လျလျတောင်မနေ။
ဘာကများမှားယွင်းနေတာလဲ။

ထိုစဉ် လှေခါးကြီးကို
ဝုန်းခနဲပစ်ချလိုက်သောကြောင့်

"အမယ်လေး မြတ်စွာဘုရား"
"မင်း ငါလာတာတောင် မမြင်ရအောင် ဘာတွေစဉ်းစားနေတာလဲ။ "
"မဟုတ်ပါဘူး~~~ တစ်ခုခုစားမယ်ဆို သွားမယ်လေ"
"မင်းဘာစားမလဲ"
"ဝင်ပေါက်အရှေ့မှာ တွန်းလှည်းလေးနဲ့ရောင်းတဲ့
ထမင်းကြော်ဆိုင်ရှိတယ် အဲ့ဒီမှာစားမယ်~~"
"မင်းဟာကလည်း ထမင်းဆိုင်လောက်တော့လုပ်ပါ"
"အဲ့မှာက စားကောင်းတယ် ကြက်ဥကြော်နဲ့မှ ၅၀၀ပဲရှိတယ်~~~အဲ့ဒီမှာပဲစားမယ်နော် အကို"
"အေးကွာ"

The houseWhere stories live. Discover now