အပိုင်း(၁၆)Zaw Gyi / Unicode

1.3K 82 1
                                    

Zaw Gyi

"ဟမ် ကိုကြီး ဘယ် ဘယ်လိုဖြစ်လို့
ရောက်လာတာလဲ"

"ဘာလဲ အအေးသောက်ဖို့ လာတာလေ
မလာရဘူးလား"

"အဲ့ဒါဆိုရင်လည်း တခြား ဝိုင်းမှာ သွားထိုင်လေ"

"ဒီဆိုင်က မင်းပိုင်တာမို့လို့လား
ငါ့ဟာငါ ကြိုက်တဲ့နေရာ ထိုင်မှာပေါ့"

"ဒီမှာ ကိုကြီး ကျွန်တော် ခင်ဗျားကို ငြင်းလိုက်လို့
လာခနဲ့တာလား"

"အဟက် ကောင်လေး မင်းဘာသာမင်း တဖက်သတ်ပြောသွားတာကို ငါက
သိပ်မခံစားပါဘူး မင်းငါ့ကို ချစ်တယ်ဆိုတာကိုလည်း ငါသိလိုက်ရတယ်လေ အဲ့ဒါကို ဒီအတိုင်း နောက်ဆုတ်ရအောင် ငါက အရူးမှမဟုတ်တာ"

"ခင်ဗျား ပြောလေကဲလေ ပါပဲလား
ခင်ဗျား ဘယ်လိုပဲ လုပ်လုပ် ကျွန်တော် ခင်ဗျားနဲ့ ပတ်သတ်လို့မဖြစ်ဘူး"

"အဲ့ဒါက မင်းအပိုင်းပါ မင်းငါ့အပေါ် လက်ခံလာအောင် လုပ်ရမှာက ငါ့အပိုင်း ပြီးတော့ မင်းက ငါ့ကို ချစ်နေပြီးသားလေ မင်းဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မှာမို့လို့လဲ"

"ခင်ဗျားဗျာ--------"

"ပြီးတော့ ရှိသေးတယ် ဟိုတစ်နေ့က မင်းပြောသွားတာတွေလေ ငါကျန်ခဲ့တဲ့
တစ်ပတ်လုံးလုံး အဲ့ဒီအကြောင်းတွေပဲ
တွေးနေမိတယ် ဒွိဟတွေလဲ ဖြစ်နေခဲ့တယ်
ငါ ငါ့ကိုယ်ငါ ပြန်မေးခဲ့တယ် ဒီရက်တွေထဲ
မင်းနဲ့မတွေ့ပဲ နေရတာ ဘယ်လိုနေလဲ ဆိုပြီးတော့
အဖြေကတော့ ရှင်းရှင်းလေးပါ ငါမနေနိုင်ဘူး
မျက်လုံးနှစ်လုံး ဖွင့်တည်းက မင်းမျက်နှာကို မြင်ယောင်နေတာ တစ်နေကုန်လဲ မင်းအကြောင်းပဲတွေး
စိတ်နဲ့ကိုယ်နဲ့ကလည်းမကပ် ညအိပ်ရာဝင်လို့ အိပ်ပျော်သွားတာတောင် မင်းကို အိမ်မက်ထဲမှာ မြင်နေရသေးတယ် ဒါတင်မကသေးဘူး ငါမင်းကိုထိတွေ့ချင်တယ် မင်းအိပ်ပျော်သွားတဲ့အချိန်မှာ မင်းကိုခိုးနမ်းချင်တယ် မင်းလက်ကလေးကိုင်ပြီး
လျှောက်လည်ချင်နေတယ် ဟော် အခုလို
မင်းမျက်နှာလေးကို စိုက်ကြည့်ပြီး မင်းကို ဘယ်လောက်ချစ်တယ် ဆိုတာကို
ထပ်ခါခါပြောချင်နေမိတယ် ငါဟာ
မင်းနဲ့ပတ်သတ်ပြီး သိသိသာသာကို
လောဘကြီးနေခဲ့တာ ငါ့ကိုယ်ငါတောင်
သတိမထားမိခဲ့ဘူး"

The houseWhere stories live. Discover now