အပိုင်း(၁၄)Zaw Gyi / Unicode

1.4K 86 3
                                    

   Zaw Gyi

    သူတို့နှစ်ယောက် မြစ်ကြီးကို မျက်နှာမူပြီး
ထိုင်ခုံတန်းလေးမှာ ထိုင်နေတာ အတော်ကြာပြီဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ဘာစကားမှမပြောဘဲ ငြိမ်သက်နေသည်။ ပတ်ဝန်းကျင်မှာလည်း မှောင်ရီစပြုလာပြီဖြစ်သည်။

"မင်း ငါ့ကို ဘာလို့ ဘာမှ ပြန်မပြောတာလဲ
ဘာလဲ ငါက ယောက်ျားချင်း ကြိုက်တဲ့ကောင်မို့
ငါ့ကို ရွံနေပြီလား"

ကောင်လေးမှာ ရုတ်တရက် မတ်တပ်ရပ်ပြီး
လက်နှစ်ဖက်ကို ဆန့်တန်းကာ လတ်ဆတ်သောလေကို တစ်ဝရှုနေသည်။

"ဝါးးး လေ လေးက ကောင်းလိုက်တာ ပေါ့ပါးသွားတာပဲ"

"မင်း ဘာလို့စကားလမ်းကြောင်းလွှဲနေတာလဲ"

ဝေယံ သူပါ မတ်တပ်ရပ်လိုက်ပြီး ဒေါသ သံဖြင့် ပြောမိသည်။

"ကိုကြီး"

ကောင်လေး မြစ်ကို မျက်နှာမူရင်းနဲ့ သူ့အားခေါ်သည်။ကောင်လေးရဲ့ အသံက ခါတိုင်းနဲ့မတူ ရှတတဖြစ်နေသည်ဟု
သူထင်မိသည်။

"ဘာလဲ"

"ကိုကြီး ကျွန်တော့်ကို တစ်ကယ်ချစ်တာလား"

"အင်း ငါမင်း ကို တစ်ကယ်ချစ်တာ"

ထိုအခါကျမှ ကောင်လေးသူ့ဘက်ကိုလှည့်လာပြီး
သူ့အား မော့ကြည့်သည်။ အရပ်မပုသော်လည်း
သူနဲ့ ယှဉ်ရင် ပုနေသောကြောင့် သူ့အား
မော်ကြည့်နေသည်။ သူ့အားကြည့်နေသော
ထိုကောင်လေး၏ မျက်ဝန်းများတွင်လည်း
အရည်ကြည်လေးများ လဲ့နေသည်ကို ဝေယံ သတိထားမိသည်။

"ကျွန်တော်လည်း ကိုကြီးကို ချစ်တယ်
ချစ်တာမှ အရမ်းချစ်တာ"

ကောင်လေးသူ့ကို ပြုံးပြပြီး ချစ်တယ် ပြောလိုက်တဲ့ ခဏ ဒီခဏဟာ အလှပဆုံးပဲ လို့တောင် သူ ထင်မိသည်။

"တကယ်လား ကလေး မင်းတကယ်ပြော တာလား"

ကောင်လေး၏ မျက်ဝန်းမှ မျက်ရည် များ ကျလာသည်ကိုလည်း မီးရောင်ဖြဖြကြောင့် သူမြင်နေရပါသည်။

"အင်း ကျွန်တော်က အရင်ချစ်တာ
ကျွန်တော်က ပိုချစ်ခဲ့တာပါ ဒါပေမယ့်
ကိုကြီး ကျွန်တော့် ကို ချစ်လိမ့်မယ် လို့လည်း မထင်ခဲ့မိဘူး"

The houseWhere stories live. Discover now