အပိုင်း(၁၃)Zaw Gyi / Unicode

1.4K 101 10
                                    

Zaw Gyi

ဝေယံ ကောင်လေးကိုဖွင့်ပြောရန်
အဆောင်သစ်ရှေ့မှာစောင့်နေတာ
ကြာပြီဖြစ်သည်။ စနေနေ့ညကတည်းက ဖွင့်ပြောရန် စိတ်ကူးဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့ကျတော့လည်း
ကောင်လေးအလုပ်ပိတ်ရက် ဖြစ်တာကြောင့် အိမ်အထိလိုက်၍ ရည်းစား စကားပြောရမှာ
မကောင်းသောကြောင့် ဒီနေ့အထိ စောင့်ခဲ့ရခြင်းဖြစ်သည်။
ယောက်ျားလေးတစ်ယောက်ကို ရည်းစား
စကားပြောရမှာ ဖြစ်သောကြောင့် ရင်တုန်ပြီး
လက်တွေပါ အေးစက်နေလေသည်။

"ဟာ ဒီကောင်လေးမလာသေးဘူးလား
၈နာရီ ခွဲနေပြီ"

သူဆက်စောင့်နေသော်လည်း ပေါ်မလာတာကြောင့် phဆက်ကြည့်လိုက်သည်။

"ဟဲလို"
တဖက်မှ အသံကြားသည်နှင့်
"ဟေ့ကောင် မင်းအလုပ်မလာဘူးလား
ငါဒီမှာ မင်းကိုစောင့်နေတာ ပြောစရာရှိလို့"

"ဖြည်းဖြည်းပြောပါ ကိုကြီးရယ် ဒီနေ့ဘာမှလုပ်စရာမရှိလို့ သူဌေးက နားဆိုလို့ နားနေတာ"

"ဟာကွာ ငါက အကြာကြီးစောင့်နေရတာ"

"ပြောစရာရှိလည်း phလေးဘာလေးဆက်လေ ထွက်လာလို့ရအောင်လို့ အခုဟာက ဗြုန်းစားကြီးကို"

ဝေယံ ခေါင်းကိုသာ တဗြင်းဗြင်းမြည်အောင်
ကုတ်နေမိတော့သည်။

"ကဲ ကိုကြီး ကျွန်တော် အခုထွက်လာခဲ့ရမလား
"
"ထားလိုက်တော့ ငါDuty ရှိသေးတယ် ညနေ
ဗိုလ်တစ်ထောင် ကမ်းနားကို 6နာရီအရောက်
လာခဲ့ပေး"
"ဟုတ် လာခဲ့မယ်"

*ဒီလူကြီးဘာလဲဟ ငါ့မှာတော့ သူ့ကိုလွမ်းလွန်းလို့
လွမ်းနာကျနေတာ သူကျတော့ ဘာမှကြိုမပြောပဲနဲ့ စောင့်နေပြီးတော့ သူ့အပြစ်ဟာကို ငါ့ကိုပဲ ဖိအော်နေတယ် လွမ်းချင်စိတ်တောင် မရှိတော့ဘူး လူယုတ်မာကြီး*

"ဟဲ့ အိပ်ရာထဲကကောင် ၉နာရီရှိနေပါပြီနော်
နိုးနေရင်လည်း ထသင့်နေပြီ"

"အမေကလည်း နားလို့ရတုန်းနားပါရစေ ကို့သားလေးကို မသနားဘူးလား"

"မနေ့ကလည်း ထမင်းတောင် ထမစားဘဲ
အိပ်နေပြီးတော့ ကျောတောင်ပုတ်နေလောက်ပြီ
ပြီးတော့ အိပ်တာက ဘုရားကျောင်းဆောင်
ရှေ့တည့်တည့်မှာ အိပ်နေမှန်းမသိ သေနေမှန်းမသိ
ကြာရင် ဘေးအိမ်ကလူတွေ ငါ့ကို နာရေးသတင်း
လာမေးတော့မယ်"

The houseWhere stories live. Discover now