အပိုင်း( ၂၃ ) Zaw Gyi & Unicode

1.6K 66 24
                                    

Zaw Gyi

ဝေယံ နှင့် လင်းထည်ဝါတို့ တွဲနေတာဖြင့် နှစ်လပင်ကျော်နေပြီ။ တစ်ယောက်နှင့် တစ်ယောက် အရမ်းချစ်သောကြောင့် ထွေထွေထူးထူး ပြသာနာဟူ၍မရှိ။
သို့ပေမယ့် ဝေယံထွန်းတောက် တစ်ယောက်
စိတ်မကြည်နိုင်။ ဟိုတစ်လောက အန်တီပြောသလို သူ့အသိုင်းအဝိုင်းက လက်ခံမည်ဟု မထင်သောကြောင့်ပင်။
အခုလည်း night duty ဆင်းနေရ၍ ကောင်လေးကို သတိရကာ အတွေးများလည်နေခြင်းဖြစ်သည်။
ဝရံတာကို လက်ထောက်ကာ ကောင်းကင်ကိုကြည့်ရင်း
သက်ပြင်းများကို ချနေမိသည်။ထိုစဉ် ဘေးနားကို စည်သူရောက်လာကာ

"ဟေ့ကောင် ယံယံ ဘာတွေ သက်ပြင်းချနေတာလဲ"

"ဒီလိုပါပဲကွာ ရှေ့ရေးအကြောင်း တွေးရင်းဆွေးရင်းပေါ့"

"ဘာတွေးစရာရှိလို့လဲ ကောင်လေးနဲ့လည်း အဆင်ပြေတယ်မလား"

"ပြေတာက ပြေတယ်ကွာ ငါ့ယောက္ခမကြီးကလည်း သဘောတူတယ်။ ခက်တာက ငါ့မိဘကွ ။ကောင်လေးက 16နှစ်ပဲရှိသေးတယ်ဆိုပေမယ့် ငါကတော့ 23 ကျော်ပြီလေ။
ချစ်သူရည်းစားထားတာကို အမှန်တိုင်းပြောပြချင်တယ်။
ငါ့မိဘတွေက ခေတ်ပညာတက်တွေဆိုပေမယ့် သူတို့ရဲ့ဂုဏ်သိက္ခာကရှိသေးတယ်လေ"

"အင်း အဲ့ဒါတော့ ငါလည်းမပြောတက်တော့ဘူး ဒါက အတွင်းရေးကိစ္စဖြစ်သွားပြီလေ"

"ငါ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး စည်သူရာ"

"အခုလောလောဆည် အခြေအနေကိုတော့ စောင့်ကြည့်ဦးပေါ့ကွာ မင်းတို့နှစ်ယောက်လုံး ငယ်ပါသေးတယ်"

"အေးကွာ ငါလည်း အလုပ်သင်ဆရာဝန် အခုမှဖြစ်တာဆိုတော့ Surgeon ပိုင်းကို ဒီမှာ ပညာယူချင်သေးတယ် ဖေဖေကတော့ ကျောင်းပြီးထဲက US သွားခိုင်းနေတာ။ တစ်နှစ်လောက်တော့ နေပါဦး ပြောထားရတယ်။ ဖေဖေဘက်က စကားစရင် ငါ သွားရတော့မှာ ။ကောင်လေးနဲ့ မဝေးချင်သေးဘူးကွာ"

"အေးကွာ အချစ်ရေးကတော့ အချစ်ရေးပေါ့လေ
ဘဝတိုးတက်အောင်တော့ လုပ်ရမှာပေါ့ ။ ငါကတော့ ဒီမှာပဲနေမှာ ။ အေးအေးဆေးဆေးဖြစ်မှပဲ ကျောင်းပြန်တက်ဖို့ စဉ်းစားမယ်လို့ စိတ်ကူးထားတယ်။ ကျောင်းပြီးထားတာဖြင့် တစ်နှစ်မပြည့်မသေးဘူး စာပြန်လုပ်ရမယ့်ကိစ္စကို စဉ်းကိုမစဉ်းစားချင်သေးဘူး။ ငါက ဒီမှာပဲရှိနေမှာပဲကွာ။ မင်းကောင်လေးကို ငါကြည့်ထားပေးမှာပေါ့"

The houseWhere stories live. Discover now