Episode: 8

4.1K 412 23
                                    

(UNICODE)

တစ်ညလုံးဖွင့်သည့် Mini mart လေး၏ငွေရှင်းကောင်တာတွင် ထိုင်လျက်အိပ်ငိုက်နေသော ဖြူပါးပါးခန္ဓာကိုယ်လေးကို Sehun ကားထဲမှနေ၍ငေးနေမိသည်။နေ့မနားညမနား အချိန်ပိုင်းအလုပ်တွေနဲ့ မအားလပ်နေတဲ့ သူ့ကိုခုလိုမြင်ရပြန်တော့စိတ်မကောင်းပါ။အကြွေးတွေနဲ့ ကျန်ခဲ့တယ်လို့ကြားရတုန်းကတောင် မျက်ရည်မကျဘဲ နေခဲ့သည့်သူက၊ အကြွေးတွေကူဆပ်ပေးမယ်လို့ပြောခဲ့တုန်းကတောင် အကူအညီမလိုဘူးဆိုပြီးငြင်းပစ်ခဲ့သည့်သူက.
ခုလို ကိုယ့်ကိုကိုယ်ဒုက္ခပေးဖို့ မာနတွေခြားပြီး အကူအညီကိုငြင်းပစ်ခဲ့တာတဲ့လား။

ဟား...Byun Baekhyun...ခင်ဗျားတကယ့်ကို..အဲ့ဒီဘာမဟုတ်တဲ့မာနတွေကိုပွေ့ဖက်ထားရင်း ဒုက္ခအရောက်ခံနေတာလား။

ကျွန်တော်မရှိတဲ့တော့နောက် အနည်းဆုံးတော့ ပျော်ရမယ်လေ။
သူ့အပေါ် မရိုးသားတဲ့၊သူ့အပေါ်မကောင်းတဲ့၊သူ့ကိုဒုက္ခတွေပဲပေးခဲ့တဲ့ ကျွန်တော်မရှိတော့တဲ့နောက် သူ့ကိုယ်သူတော့ဂရုစိုက်ပြီးတော့နေသင့်တယ်မလား။
ရှိတုန်းကတော့ မုန်းနေခဲ့သည့်သူက မရှိတော့မှ Sehun ဆိုတဲ့ကောင်ကိုတမ်းတနေတယ်ဆိုတာယုံကြည်ချင်စရာမကောင်းဘူးလေ။

Byun Baekhyun...ခင်ဗျားကိုဒီ့ထက်ပိုပြီးအလွတ်မပေးနိုင်တော့ဘူး။
ခင်ဗျားကို အပိုင်လိုချင်တယ်။

Oh Sehunဟာ ဟိုအရင်ကလို ခင်ဗျားအနားမှာထားချင်စရာကောင်းတဲ့ ချာတိတ်လေးမဟုတ်တော့ဘူး။
ခင်ဗျားကိုအပိုင်သိမ်းမယ့် ကျားတစ်ကောင်ဖြစ်နေပြီ။Byun Baekhyun...Oh Sehunက ဒီ့ထက်ပိုပြီး ခင်ဗျားညီလေး မဟုတ်နိုင်တော့ဘူး။

ညီအစ်ကိုတွေဆိုတဲ့ ရယ်စရာကောင်းတဲ့ဆင်ခြေတွေနဲ့ ကိုယ့်ကိုထပ်ပြီးရှောင်နေဖို့ ကိုယ်ဒီ့ထက်ပိုပြီးခွင့်မပြုတော့ဘူး Baekhyun...

"သူဋ္ဌေး...ဒီည ညစာစားဖို့ချိန်းထားတာရှိပါတယ်..အဲ့တာ..ခုမသွားရင်နောက်ကျလိမ့််မယ်။"

အတွင်းရေးမှူးလေး Danial ကဆိုလာတာကြောင့် Mini mart လေးအထဲမှ ဖြူသေးသေးကိုယ်လေးကို ထပ်ကြည့်လိုက်သည်။

"Danial..."

"ဟုတ်ကဲ့ သူဋ္ဌေး.."

"ညစာစားဖို့ချိန်းထားတာကို ဖျတ်လိုက်။"

OWNER : Remastering Version Where stories live. Discover now