Episode:17

3.7K 421 85
                                    

"အား!!!!"

အိမ်​အ​ပေါ်ထပ်​ဆီမှ စူးစူးနစ်​နစ်​​အော်​သံ ကOh အိမ်​​တော်​တစ်​ခုလုံးကိုလှုပ်​လှုပ်​ရှားရှားဖြစ်​သွား​စေသည်​။

အသံလာရာ​နေရာက Chanyeol ၏အခန်း..

အိမ်​အကူမိန်းက​လေးက Chanyeol ကိုမနက်​စာစားဖို့သွားနှိုးရာမှ ​အော်​ခြင်း။
Kim Min young ​အ​ပေါ်ထပ်​သို့ အလျင်​အမြန်​တက်​ခဲ့လိုက်​​တော့ သခင်​​လေးSehunက ​ရောက်​နှင့်​​နေပြီ။

"အထဲမှာဘာဖြစ်​လို့လဲ ...​ပြောစမ်း!!"

မိန်းက​လေးကအလွန်​အမင်း​ကြောက်​လန့်​ ဟန်​နှင့်​။

"အ...အ...ကို​လေး...chanyeol..က..."

Sehun​အထစ်​အထစ်​လုပ်​​နေ​သော​ကောင်​မ​လေးကို​ဒေါသတကြီးတွန်းဖယ်​ပစ်​လိုက်​သည်​။

"ဖယ်​စမ်း!!!"

မှောင်​မဲ​နေသည့်​ Chanyeol အခန်းသည်​တိတ်​ဆိတ်​​နေ​လေသည်​။နံရံ​ပေါ်ကမီးခလုတ်​ကိုအလျင်​အမြန်​ဖွင့်​လိုက်​​တော့ ​တွေ့ ရသည်​က
သွေးအလိမ်းလိမ်းနှင့်​ကုတင်​​အောက်​လဲ ကျ​နေ​သောPark Chanyeol..

Sehunစိတ်​ပူကာ Chanyeol နား​ပြေးသွားမိသည်​။
စိတ်​ဓာတ်​ခိုင်​မာလွန်း​သောChanyeol ခုလိုဖြစ်​ရသည့်​အ​ကြောင်းကို သူနားလည်​တာမို့ ပိုယူကြုံးမရဖြစ်​မိသည်​။

Chanyeol သာ တစ်​ခုခုဖြစ်​ရင်​ ခင်​ဗျားကိုခွင့်​မလွှတ်​ဘူး Wu yifan..

"Chanyeol!!!"

Sehunအလျင်​အမြန်​ပင်​ Chanyeol အား​ပွေ့ လိုက်​သည်​။
သူ့လက်​​ပေါ်မှ Chanyeol သည်​အသက်​​ငွေ့ ​ငွေ့ ​တော့ရှိ​သေးသည်​။

"ဘာ​ကြောင်​ကြည့်​​နေကြတာလဲ!!!​ဆေးရုံကား​ခေါ်ကြ​လေ!!"

Sehun၏​အော်​​ငေါက်​သံကြားမှ အားလုံးအသိဝင်​ကာ ​ဆေးရုံကား​ခေါ်သူက​​ခေါ်၊ပြင်​ဆင်​စရာရှိတာ​တွေပြင်​ဆင်​ဖြင့်​ အားလုံးအလုပ်​များကုန်​ကြသည်​။

ငါးမိနစ်​အတွင်း​ဆေးရုံကား​ရောက်​လာပြီးChanyeol ကိုတင်​သွား​တော့ Sehun တခါထဲ လိုက်​သွားတာကို Baekhyun ​တွေ့ လိုက်​သည်​။

Baekhyun ​ဆေးရုံကားနားရပ်​​နေတာမြင်​​တော့ Sehunက

"Baekhyun....အ​နောက်​ကလိုက်​ချင်​လိုက်​လာခဲ့.."

OWNER : Remastering Version Where stories live. Discover now