Episode : 13

4.2K 467 123
                                    

အချစ်​သည်​ တစ်​ခါတစ်​ရံတွင်​ နာကျင်​​စေတတ်​ပါသလား.?

ကိုယ်​အချစ်​ရဆုံးသူက​ပေးအပ်​သည့်​ နာကျင်မှုကို​ကော...ဒဏ်ရာ​​ဟုမှတ်​ယူ​၍ရပါမည်​လား?

မီးလုံးအပြာ​ရောင်​​လေး​တွေဖြင့်​လှပ​နေ​သော ဤအိမ်​အ​ပေါ်ထပ်​ရှိ ဘားအခန်းငယ်​​လေးသည်​ သာမန်​ထက်​ပိုတိတ်​ဆိတ်​​နေ​လေသည်​။

အခန်းနံရံထက်​ရှိ နာရီက ည၁၂နာရီထိုးပြီဖြစ်​​ကြောင်း ​ညွှန်​ပြ​နေ​လေသည်​။

အပြင်​​လောကမှ​လေတိုးသံသဲ့သဲ့နှင့်​အတူ ညဉ့်​ငှက်​အချို့၏အသံကို သဲ့သဲ့မျှကြား​နေရ​လေသည်​။

ကျွန်​​တော်​ထိုကဲ့သို့​သောတိတ်​ဆိတ်​မှုမျိုးကိုမုန်းသည်​။အေးစက်​၍တိတ်​ဆိတ်​​နေ​သောခံစားမှုမျိုးသည်​ နတ်​ဆိုးတစ်​​ကောင်​ကဲ့သို့။
ကျွန်​​တော့နံ​ဘေးရှိ နတ်​သားပျိုသည်​ကား အနီရင့်​​ရောင်​၀ိုင်​အရည်​ကို တစိုက်​မက်​မက်​​သောက်​သုံး​နေ၏။

သူ့မျက်​လုံး​တွေက စိမ်းကား​အေးစက်​သည်​။
ကျွန်​​တော့အားအလွန်​ရွံရှာမုန်းတီးဟန်ုဖြင့်​....

"Byun....Baek...Hyun...."

"....."

"..ခင်​ဗျားက​လေ...တကယ်​ပဲ..ရိုးသားချင်​​ယောင်​​ဆောင်​​နေတာ..."

"...ဟင့်​..အင်း...ငါ..."

"အဲ့ဒီအ​ကောင်​နဲ့ သွားမ​တွေ့ ဖို့ငါအတန်​တန်​တား​နေရက်​နဲ့...hak...မင်းသူ့ကိုကြိုက်​​နေတာလား baekhyun.."

သူ့စကား​တွေကစိမ်းကား​အေးစက်​စွာပင်​ကျွန်​​တော့ရင်​အားခွဲ၏။
ကျွန်​​တော်​သည်​ သူ၏ ​ဒေါသကို မျက်​မြင်​​တွေ့ ထားရကား ​ကြောက်​မိ​သော်​လည်း မာနကလက်မခံ။

"ငါ့ကိုမ​စော်​ကားနဲ့ Sehun!!.."

"အမှန်​​တွေ​ပြောတာပဲ..."

"Haa..ငါ​ကဘာချို့ယွင်းချက်​မှမရှိတဲ့​ယောင်္ကျားတစ်​​​ယောက်​ပဲ...​ယောင်္ကျားတိုင်းကိုလိုက်​ကြိုက်​​နေစရာအ​ကြောင်းဘာမှမရှိဘူး...မင်းကိုသာ.....ငါချစ်​​နေခဲ့လို့..."

ကျွန်​​တော်​တုန်​ရင်​​မောဟိုက်​​နေမိသည်​။
Oh Sehun အားချစ်​သည်​ဟုဝန်​ခံရတိုင်း ပြန်​ရတတ်​သည့်​ ​လှောင်​ရယ်​တတ်​​သော ထိုမျက်​၀န်းများအား​ကြောက်​ပါသည်​။

OWNER : Remastering Version Where stories live. Discover now