Episode: 18

4K 369 103
                                    

နာမည်​ကြီးHotel တစ်​ခုအတွင်းမှခမ်းနားလှ​သောစား​သောက်​ဆိုင်​၏အပြင်​အဆင်​များကခမ်းနားစွာ။

ခမ်းနားလှပမှုများကိုလွှမ်းခြုံထားရာ ဤ​နေရာတွင်​ထိုင်​​နေသူ Baekhyun်​၏ စိတ်​အစဉ်​သည်​​တော့မွန်းကြပ်​လျက်​ရှိသည်​။

အဘယ်​​ကြောင့်​ဆို​သော်​ Baekhyun အားအလယ်​ထား၍ မျက်​နှာချင်းဆိထိုင်​ကာအကြည့်​ချင်းပြိုင်​​နေ​သော အာဏာပြင်းပါသည့်​ ဧကရာဇ်​နှစ်​ပါး​ကြောင့်​ဖြစ်​သည်​။

တစ်​​ယောက်​ကိုတစ်​​ယောက်​ ​ထွင်း​ဖောက်​မတတ်​ စူးစူးစိုက်​စိုက်​အကြည့်​ချင်းစစ်​တိုက်​​နေကြ​သော ဤနှစ်​​ယောက်​သည်​ကား Oh Sehun ဟူ​သော ကျွန်​​တော်​၏နတ်​သားပျိုနှင့်​Wu yifan ​ခေါ်အမျိုး​ကောင်းသား...

"ကိုယ့်​ကို...ဒီအထိ​ခေါ်ပြီး​ပြောစရာရှိတယ်​ဆိုတာဘာကိစ္စလဲ Oh Sehun...မင်းနဲ့ ကိုယ့်​ကြားမှာ ပုဂ္ဂိုလ်​​ရေးရာအ​ထွေအထူး​ပြောစရာများ..."

မျက်​လုံးမျက်​ဖန်​​ကောင်း​ကောင်းနှင့်​အ​နောက်​တိုင်းဘက်​​သွေး​နှောပုံရသည့်​ ခပ်​​ချော​ချောလူ Wu yifan သည်​ Oh Sehun နှင့်​ ရုပ်​ချင်းဆင်​ရုံသာမက ​မာနကြီးသည့်​​နေရာမှာလည်း ခွဲမရ​အောင်​တူသည်​ထင်​ပါသည်​။

"အဟင်း~~wu yifan...ခင်​ဗျားကို ကျွန်​​တော်​ကအလှကြည့်​ချင်​လို့​ခေါ်တယ်​များထင်​လို့လား"

"အဲ့တာဆို..ဘာလုပ်​ဖို့လဲ...ကိုယ့်​ရဲ့တန်​ဖိုးရှိတဲ့အချိန်​​တွေကို..မင်းနဲ့စကား​ပြောရင်း​တော့မကုန်​ဆုံးချင်​ဘူးကွာ..."

Oh Sehun ကအံကိုကြိတ်​ရင်း

''ကျွန်​​တော်​ကလည်းခင်​ဗျားနဲ့ မျက်​နှာချင်း​တောင်​ မဆိုင်​ချင်​ပါဘူး.."

တစ်​​ယောက်​နဲ့ တစ်​​ယောက်​ စကားနာထိုး​ရင်းလိုရင်း​ပြောရာကိုမ​ရောက်​နိုင်​​တော့တဲ့ အ​ရှေ့ ကနှစ်​​ယောက်​ကိုကြည့်​ရင်း Baekhyun စိတ်​မရှည်​​တော့။

ဘယ့်​နှယ်​...အဓိကအ​ကြောင်းအရာကိုမ​ပြောကြ​တော့ဘူး။

"Ok ​လေ..ဒါဆိုလည်းကိုယ်​ပြန်​ရုံ​ပေါ့.."

OWNER : Remastering Version Where stories live. Discover now