Episode : 10

4.5K 419 32
                                    


(UNICODE)

ကျွန်တော် Sehunအပိုင်ဖြစ်တဲ့နောက်ပိုင်း သူ့အိမ်မှာလိုက်နေရမယ်ဆိုတဲ့အမိန့်ကိုကျွန်တော်မငြင်းဆန်မိပါ။ကျွန်တော်သည်က သူ့အနားတစ်ဖဝါးမခွာရှိချင်ခဲ့သည်မို့...

Sehun၏ကားဦးတည်ရာသည် ကျွန်တော်မမေ့လျော့နိုင်စရာလမ်းကြောင်းဆီ။
တစ်ချိန်က ကျွန်တော်တို့တွေဆုံဆည်းခဲ့ရာဋ္ဌာနေ။ကျွန်တော်၏အိမ်။

ဝမ်းသာလွန်း၍မျက်ရည်လည်မိသည်။အံ့သြ၍ကြည်နူးမိသည်။ကျွန်တော့အားဖွင့်ပြောရင်ရပါရက် ကွယ်ဝှက်ကာ ဤအိမ်အားဝယ်ခဲ့သည်မို့ခံပြင်းသည်။ခံစားချက်ကအစုံအလင်။

အရင်နှင့်မတူစွာ အလုံးစုံပြောင်းလဲ သွားသည်က ခြံတံခါးမှစ၍။မြင့်မားသောအုတ်တံတိုင်းနှင့်အနက်ရောက်သံပန်းတံခါးက နန်းမြို့ရိုးသဖွယ်။
ခြံတစ်ခုလုံးတွင် ကားလာရာလမ်းတစ်လျှောက်မှလွဲ၍ ကျန်နေရာအပြည့်မြက်ခင်းစိမ်းတွေ။ဟိုအရင်ကနှင်းဆီပန်းအိုးများကတော့ဖြင့် ယခုတွင်မရှိတော့။သူတို့နေရာတွင် ရေကူးကန်၊ရေပန်းနှင့် ဝါကျင့်ကျင့်မီးတိုင်တိုလေးများကနေရာယူထားသည်။စိတ်ကြည်နူးလွတ်လပ်စရာ ဘာသစ်ပင်၊ပန်းပင်မျှမရှိ။လူသားတို့ပြုလုပ်ထားသည့် ဇိမ်ခံပစ္စည်းအစုံအလင်ဖြင့်သာလှပနေသော ဤခြံကျယ်သည် ကျွန်တော့်အတွက်တော့မွန်းကြပ်ဖွယ်အတိ။

အရင်လိုနှစ်ထပ်တိုက်ပုကလေးမဟုတ်တော့သည် ကျွန်တော်တို့အိမ်သည် ယခုများတွင်တော့ ထုထည်ကြီးမားသော20ရာစု၏ဥရောပပုံစံ နို့နှစ်ရောင်တိုက်တစ်လုံးဖြစ်နေပြီ။စကျင်ကျောက်သားများကိုထွင်းထုပုံဖော်ထားသည့် ဆင်ဝင်ကျယ်အောက်ကားရပ်လိုက်သည်နှင့် အိမ်ထဲမှလူတစ်စုကအပြေးအလွှားလာကြိုကြသည်။

"ဆင်းလေ Baekhyun...ဒါကိုယ့်အိမ်လေ...."

"........"

အိမ်၏ကျွန်းတံခါးမကြီးကိုဖွင့်လိုက်သည်နှင့် မျက်စိကျိန်းဖွယ်တောက်ပနေသော တစ်အိမ်လုံးအပြည့်နီညိုရောင် သားမွေးကော်ဇောတွေ။အိမ်နံရံတွေအကုန်လုံးက ကျောက်သားကိုထွင်းထုထားသည့်ပုံဖြစ်ပြီး နံရံထက်တွင် မီးခိုးရောင်လိုက်ကာများကိုသာသုံးထားလေသည်။အဝါရောင်သမ်းသည့်မီးဆိုင်းများကြောင့် နီညိုရောင်ကော်ဇောတွေကအရောင်ပိုထွက်နေသယောင်။

OWNER : Remastering Version Dove le storie prendono vita. Scoprilo ora