Part 1

1.9K 157 8
                                    

Part 1

Krist

တအိမ်လုံးလည်း သန့်ရှင်းရေးလုပ်ပြီးပြီ ပျင်းလိုက်တာ ကိုကိုကလည်း မလာသေးဘူး ကျွန်တော်နားမှာ သီးချင်လာဆိုနေတဲ့ ငှက်များ

" လာမဆိုကျနဲ့ နားညီးတယ် "

ကျွန်တော်လက်ကို လာထိုးဆိပ်နေတဲ့ ငှက်များ

" နားမညီးဘူး နားမညီဘူး ...ဆိုကျ...ဆိုကျ "

ကျွန်တော်ကို တီတီတာတာနဲ့စကားလာပြောနေတဲ့  ငှက်များ 

"စကားလာမပြောကျနဲ့ ငါကို ကိုကိုက ဒီနေ့ ဘာမှ မန်းမှုတ်မသွားဘူး မင်းတို့စကား ကို ငါနားမလည်ဘူး ငါကျတော့ ဘာလို့ မှော်ပညာ မတက်ရတာလဲ "

" ပူတူးလေး ဘာတွေဖြစ်နေတာလဲ "

" ကိုကိုပြန်လာပြီ "

ကျွန်တော် ကိုကို ကိုယ့်ပေါ်ပြေးတက်လိုက်သည်

" အမလေး  အမလေး  ဖြေးဖြေးပါဗျ ဘာတွေပွစီပွစီပြောနေတာလဲ ပူတူးလေး "

" အဲ့ဒီငှက်တွေ ယုန်တွေပေါ့ စကားလာပြောနေကျတယ် kitနားမလည်ပါဘူးဆိုမှ "

" ဟုတ်သား ပူတူးလေးအပျင်းပြေအောင် ကိုကို မန်းမှုတ်ပေးသွားဖို့မေ့နေတာ "

" ကိုကိုကျတော့ မှော်ပညာတက်ပြီး kitကျတော့ ဘာလို့မတက်တာလဲ "

" မှော်ပညာတက်တာ မကောင်းဘူး  အန္တရာယ်များတယ်  "

" မများပါဘူး မှော်တက်ရင် ဂါထာရွက်လိုက်တာနဲ့
ဟက်ချလောင်းဆိုပြီ လုပ်ချင်တာတွေ အကုန်ဖြစ်သွားရော့ "

" ပူတူးလေးက အဲ့ဒါပဲ သိတာကိုး လူတွေက စုန်းဆို ရွံရှာကျတယ် "

" လူတွေ ဟုတ်လား  လူတွေဆိုတာ ဘာလဲ "

ဒုက္ခပဲ ကျွန်တော်စကားပြောမှားသွားပြီ  ပူတူးလေး လူတွေရှီတာ သိလို့မရဘူး ပူတူးလေး သိထားတာက ကမ္ဘာပေါ်မှာ သူရယ် ကျွန်တော်ရယ် သူချစ်တဲ့ တိရစ္ဆာန်တွေပဲရှီတာ  တကယ်ဆို ကျွန်တော်မှာ စကားပြောတက်တဲ့ နှစ်တစ်ထောင် နဂါးကြီးတစ်ကောင်နဲ့ ယူနီကောင်းဆိုတဲ့ နတ်မြင်းရှီတယ် သူတို့က ပျံတက်တယ် အဲ့လိုပျံတက်လို့ပဲ ကျွန်တော်က သူတို့ကို ပူတူးလေး မတွေ့အောင် ခိုးတွေ့နေရတယ်  ပူတူးလေးတောင် တွေ့ရင်တော့ မကြောက်ပဲနဲ့ သူကိုနေရာအနှံ လိုက်ပို့ခိုင်းမယ့်ဖြစ်ခြင်း

ပူတူးလေး { ပူတူးေလး }Where stories live. Discover now