Part 4

1.4K 133 3
                                    

Part 4

ပုံပြင်တစ်ပုဒ်ပြီး တစ်ပုဒ်ပြောနေပေမဲ့ အခုထိ မအိပ်သေးတဲ့ ပူတူးလေး

" အိပ်သေးဘူးလား ပူတူးလေး ရယ် ကိုကိုမောလှပြီ "

" ကိုကို kit ကိုကို့ကို ပြစရာရှီတယ်  "

" ဘာလဲ ပူတူးလေး  "

ခေါင်းအုံးအောက်ကနေယူပြီး ကိုကို့ ကိုပြလိုက်သည်

" ကိုကို ဒီနေရာကို kitကို လိုက်ပို့ပါ့လား "

" ဒီနေရာက တကယ်မရှီဘူး ပူတူးလေး   အဲ့ဒါပန်းချီကားထဲမှာပဲ ရှီတာ "

" ကိုကို ကလည်း ပန်းချီဆိုမှတော့ တကယ်ရှီလို့ ဆွဲထားတာပေါ့  လိုက်ပို့ပါနော် "

"  ပူတူးလေး ဒီနေရာတကယ်မရှီပါဘူးဆို ကိုကို စိတ်တိုလာပြီနော်  အိပ်တော့ "

" ကိုကိုကလည်း ရွှေခဲကပြောတယ်  အပြင်လောက ရှီတယ်တဲ့ အပြင်လောကမှာ kitလို အကောင်တွေအများကြီးရှီတယ်တဲ့ "

" ပူတူးလေးက ကိုကိုနဲ့နေရတာ မပျော်ဘူးလား "

" ကိုကိုနဲ့နေရတာ ပျော်ပါတယ် ဒါပေမဲ့ တခါတလေ အသစ်အဆန်းလေးတွေလည်း မြင်ဖူးချင်တာပေါ့ ကိုကိုရယ် လိုက်ပို့ပါနော် "

" ပူတူးလေး အိပ်ပါတော့  ကိုကို မှော်ပညာ မသုံးချင်ဘူးနော် အိပ်တော့ "

" ဟုတ်ကဲ့ ကိုကို "

ပူတူးလေးအိပ်ပျော်သွားတာနဲ့ ကျွန်တော် တောထဲထွက်လာသည် ပြီးတော့ ယူနီကောင်းကိုခေါ်လိုက်သည်

" ယူနီကောင်း မနက်အာရုံတက် မိုးသိပ်မလင်းခင်မှာ မင်းအပေါ်ကို ပူတူးလေး လိုက်စီးမယ် "

" ဟုတ်ကဲ့ မှော်ဆရာလေး "

"လူတွေဘက်ကို မပျံသန်းရဘူး  အသက်ဆက် မျက်ရည်ကန်ဘက်ကိုလည်း မသွားရဘူး ခုနှစ်ဆင့်ရေတံခွန်ဘက်ကိုပဲ ပျံသန်းရမယ် သိတယ်နော် "

" ဟုတ်ကဲ့ မှော်ဆရာလေး  "

ယူနီကောင်း နတ်မြင်းကိုမှာပြီး ကျွန်တော် ပူတူးလေးနား ပြနိအိပ်လိုက်သည်  မနက်မိုးသိပ်မလင်းခင်းထလိုက်ပြီး ပူတူးလေး ကိုချီပြီ ယူနီကောင်းနတ်မြင်းပေါ်တင်ပြီး

ပူတူးလေး { ပူတူးေလး }Where stories live. Discover now