Part 2

1.5K 146 3
                                    


Part  2

"ပူတူးလေး ပူတူးလေး ဘာတွေလုပ်နေလဲ"

"သန့်ရှင်းရေး လုပ်နေတယ် "

" ပူတူးလေး ပူတူးလေး ဘာတွေလုပ်နေလဲ "

"သန့်ရှင်းရေလုပ်နေပါတယ်ဆို "

တကျီကျီနဲ့ ရယ်နေတဲ့ ကြက်တူရွေး တွေ ငှက်တွေ သူတို့ပျင်းတိုင်း kitကိုပဲ လာရှုပ်နေကျတယ်

" ရွှေခဲလေး ပြောစမ်း ကိုကိုက မနက်တိုင်းဘယ်သွားတာလဲ "

"မှော်ဆရာက ပူတူးလေး စားဖို့ တစ်ခုခုသွားရှာတာနေမှာပေါ့  "

" အဲ့ဒါပြောတာ ငါကိုတော့ ဘာလို့မခေါ်တာလဲ "

" အပြင်လောကမှာ အန္တရာယ်များတယ် ပူးတူးလေးရဲ့  "

" အပြင်လောက ဟုတ်လား အပြင်လောက ဆိုတာဘာလဲ "

" ရွှေခဲမပြောဘူး ရွှေခဲပြောရင် မှော်ဆရာ စိတ်ဆိုးလိမ့်မယ် "

" မပြောဘူးနော် ရွှေခဲ ငါကိုကိုဆီပ မှော်ပညာ တစ်ခုသင်ထားတယ် မပြောရင် မင်းကိုငါ အမဲရောင် ရုပ်ဆိုးဆိုးကျီးကန်းအသွင် ပြောင်းလိုက်မှာနော် "

" ရွှေခဲကို အဲ့လိုလုပ်ပါနဲ့ ပူတူးလေး ကျီးကန်းတွေက ရုပ်ဆိုးတယ် ရွှေခဲက လှတယ်  "

" အဲ့ဒါဆိုပြော အပြင်လောက ဆိုတာဘာလဲ "

" အပြင်လောကဆိုတာ နိုင်ငံအသစ်ကိုခေါ်တာ ပူတူးလေး "

" နိုင်ငံအသစ် ဟုတ်လား အဲ့နိုင်ငံကဘာလဲ "

" အဲ့နိုင်ငံမှာ မခုပူးတူးလေးနေသလို အိမ်တွေအများကြီးရှီတယ် အဲ့ဒီအိမ်တွေအများကြီးမှာ ပူတူးလေးလို့အကောင်တွေ အများကြီးရှီတယ် "

" ဟုတ်လား  တကယ်လား ကိုကိုလို့မျိုးလည်း အများကြီးရှီလား "

" ရှီတယ် ပူတူးလေး  "

" အပြင်လောကကို သွားချင်လိုက်တာ "

ကျွန်တော် တံမြတ်စည်းပေါ်တက်ထိုင်လိုက်ပြီး

" ပျံလေ တံမြက်စည်း  ပျံလို့ပြောနေတယ် "

" ကျီ ကျိ ကျိ "

" ဘာရယ်ကျတာလဲ "

" တံမြက်စည်းက မှော်ဆရာခိုင်းမှ လုပ်တာ ပူးတူးလေး ခိုင်းလို့မရဘူး "

ပူတူးလေး { ပူတူးေလး }Hikayelerin yaşadığı yer. Şimdi keşfedin