Part 7

1.3K 142 2
                                    


Part 7

"ကိုကို ! ကိုကို  "

ကျွန်တော် ပြန်လာတာနဲ့ ကျွန်တော်ပေါ်ပြေးတက်ပြီး နှုတ်ခမ်းဆူနေတဲ့ ပူတူးလေး ဗိုက်ဆာလို့ စိတ်ကောက်တော်မူပြီ

" Sorry ပူတူးလေး  ဗိုက်ဆာနေပြီ ကိုကိုက ဒီနေ့ပူတူးလေးကို အသီးတွေကြည့်မကျွေးချင်လို့ကြက်တစ်ကောင်လုံးရှာလာခဲ့တယ် ပူတူးလေးကို ကင်ကျွေးမယ်နော် "

" ကိုကို !  ကိုကို "

ဂျီတိုက်စွာ နှုတ်ခမ်းဆူနေတာ ရှေ့ကို တတောင့်လောက်ထွက်နေပြီ  တော်တော်ဗိုက်ဆာနေပြီထင်တယ် ကျွန်တော်ပူတူးလေးကို ခုံပေါ်ချလိုက်ကာ

" ကိုကို မြန်မြန်လုပ်ပေးမယ်နော်  "

ကျွန်တော်ကို ချပြီး  မီးမွှေးနေတဲ့ ကိုကို ကျွန်တော် ပြတင်းပေါက် ဘက်ကြည့်လိုက်တော့ ငှက်စုတ်စုတ်ပျက်တွေနဲ့ ဖြူဖွေး မာတို တို့က ရယ်မောစွာ ဝိုင်းလှောင်နေကျသည် ဒီလောက် နှုတ်ခမ်း ထွက်ပြ နေတာတောင်မှ  ကိုကိုက မနမ်းဘူး ဘာလဲ ကိုကို kit ကိုမချစ်ဘူးလား

" ကိုကိုရဲ့ ပူတူးလေးက ဗိုက်ဆာနေပြီ ကဲ့ ရပါပြီ "

ကျွန်တော် ဘယ်လိုပြောပြော နှုတ်ခမ်းဆူပြီး မျက်နှာလည်း မှိုင်နေတာ ကလေးလေးဘာဖြစ်နေတာပါလိမ့်

" ကြက်ကင်က မွှေးတယ်နော်ပူတူးလေး "

ကျွန်တော်အသားကို ဖဲ့ပြီး ပူတူးလေးကို ခွံကျွေးလိုက်သည် ခွံကျွေးတာကို စားနေပေမဲ့ ပူတူးလေး မပျော်ဘူးပဲ ကျွန်တော်ထင်တာနဲ့ တခြားစီ ဖြစ်နေတယ် ဒီမွေးကြိုင်တဲ့ ကြက်ကင်ကို စားရရင် အသေးလေး အရမ်းပျော်ပြီး ခုန်ပေါက်စွာ မြူတူးပျော်ရွှင်နေပြီး ကြွားလုံးထုတ်မယ် အမြဲတမ်း အဲ့လို့ဖြစ်နေကျပါ

" ပူတူးလေး စားကောင်းလား "

" ဟုတ် ကိုကို "

မျက်နှာကဘာလို့မကောင်းပါ့လိမ့်

" ဘာဖြစ်လို့လဲ ပူတူးလေး  "

" ကိုကို နဲ့ kit အတူနေတာ ဘယ်နဲ့နှစ်ရှီပြီလဲ "

" နှစ် ၂၀ပြည့်တော့မယ် ပူတူးလေး အသက်က ၂၀ နှစ်ပြည့်တော့မယ် "

ပူတူးလေး { ပူတူးေလး }Where stories live. Discover now