ဇတ်သိမ်းပိုင်း

1.7K 153 8
                                    


Part 8 ဇတ်သိမ်းပိုင်း

" ဒီပုံထဲကအတိုင်း ဖြစ်ချင်တာလား ပူတူးလေး "

" ရွှေခဲ နဲ့ ဝံကြီးမာတိုကပြောတယ် ကိုကိုက ပူတူးလေးကို မချစ်လို့ အဲ့ပုံထဲက အတိုင်းမနမ်းတာတဲ့ "

" ကိုကိုက ပူတူးလေးကို အရမ်းချစ်တယ် "

" တကယ်လား ကိုကို "

" တကယ်ပေါ့ "

" ကိုကို အဲ့ဒါဆို  "

နှုတ်ခမ်းထပ်ပြီး ထွက်ပြနေတဲ့ ပူတူးလေး အော်နှုတ်ခမ်းဆူနေတာ မဟုတ်ပဲ အနမ်းခံချင်နေခဲ့တာကိုး
ကျွန်တော်ပူတူးလေးနှုတ်ခမ်းကို နမ်းစုပ်လိုက်သည် ကျွန်တော်နမ်းနေတုန်း ပူတူးလေး ထအော်သည်

" ကိုကိုရပ်တော့ ရင်ထဲမှာ ခုန်နေတယ် "

ပူတူးလေး ရပ်လို့ပြောလို့ ရပ်လိုက်တော့ ပူတူးလေး က အရပ်ရှည် လာပြီး အသက်နှစ်ဆယ် နဂိုအရွယ်ဖြစ်လာသည်

" ပူတူးလေး အရပ်ရှည်လာပြီ ပူတူးလေး အရပ်ရှည်ထွက်လာပြီ "

ရွှေခဲ အော်လိုက်တာနဲ့ ကျွန်တော်ကိုယ့်ကိုကိုယ့်ပြန်ကြည့်လိုက်တော့ ကျွန်တော်က ကိုကိုနဲ့ ရွယ်တူ ဖြစ်နေသည်

" ကိုကို ကိုကို ဒါဘာဖြစ်နေတာလဲ ဘာလို ချက်ခြင်း ကျွန်တော်က ကြီးလာတာလဲ "

ကျွန်တော်အနမ်းတစ်ချက်က ကျိန်စာ ပြယ်စေသေ သတဲ့လား 

" ကိုကို မေးနေတယ်လေ ဒါဘာဖြစ်တာလဲလို့ "

ဖုန်းကွယ်ထားတာ စိတ်ကို အရမ်းပင်ပန်းစေတယ် ဘာဘဲဖြစ်ဖြစ် အမှန်အတိုင်း ပြောရတော့မှာပဲ ပူတူးလေး ကိုကို့ကို မမုန်း့ပါစေနဲ့

" ပူတူးလေး သိချင်နေတာ ကိုကို ပြောပြမယ် ပြောပြတာထက်စာရင် ပူတူးလေး အကြောင်းကို ပူတူးလေး ပြန်မြင်ရအောင် ကိုကို လုပ်ပေးမယ် ကိုကို မျက်စီကို စူးစိုက်စွာ ကြည့်ထားနော် "

" ဟုတ်ကဲ့ ကိုကို   "

ကျွန်တော်ဖြစ်ပျက်သမျှကို ပြန်မြင်အောင် စက္ကူအလင်းနဲ့ကြည့်လိုက်သည်

ကျွန်တော်ပြန်မြင်ရတာတွေက ဘာလဲ ကိုကိုက ကျွန်တော်ကို ကျိန်ခဲ့တာပဲ  အတ္တအရမ်းကြီးလိုက်တာ ကိုကိုရယ်

ပူတူးလေး { ပူတူးေလး }Donde viven las historias. Descúbrelo ahora