Part 6

1.3K 137 1
                                    


Part 6

" အိုးမိုး အိုးမိုး Omm "

" ပူတူးလေးဘာဖြစ်နေတာလဲ "

" ကိုကို စာဖတ်ခန်းထဲရှင်းရင် ငါဒီပုံတွေ တွေ့တယ် ကြည့်စမ်း ဒါဘာလုပ်နေပါ့လိမ့် ငါလည်းလုပ်ချင်လိုက်တာ "

" ပူတူးလေး "

" ဟင် "

ကျွန်တော်ပါးကို လာနမ်းတဲ့ ရွှေခဲ

" ဘာလုပ်တာလဲ ရွှေခဲ  "

" နမ်းတာလေ ပူတူးလေးကို ချစ်လို့နမ်းတာ ပါးကိုနမ်းတာက ရင်နှီးလို့ နှုတ်ခမ်းကို နမ်းတာက ပိုချစ်လို့ "

" အော် ဒီပုံတွေက အဲ့လို အဓိပ္ပာယ်လား  "

" ဟုတ်တယ်ပူတူးလေးရဲ့"

ယုန်ဖြူလေး ဝံကြီးမာတို ကျွန်တော်နား ရောက်လာပြီး နမ်းဖို့ပြင်တော့ ကျွန်တော်နှုတ်ခမ်းကို လက်နဲ့ ပိတ်ထားလိုက်သည်

" ဘာလို့ နှုတ်ခမ်းကို ဖုန်းထားတာလဲ "

" နှုတ်ခမ်းက ကိုကိုအတွက် ကိုကိုနမ်းပြီးမှ မင်းတို့ကို နမ်းခိုင်းမယ် "

" အဲ့ဒါဆို မှော်ဆရာက ပူတူးလေး နှုတ်ခမ်းကို မနမ်းဖူးဘူးပေါ့ "

" ကိုကိုမသိလို့နေမှာပေါ့ ဖြူဖွေးရဲ့ "

" မှော်ဆရာက ဒါလေးတောင် မသိဘူးလား ပူတူးလေး ကိုမနမ်းချင်လို့နေမှာ "

" ဟုတ်တယ် မာတို မှော်ဆရာက ပူတူးလေးကို ငါတိုလို့ပဲ ရင်နှီးတာနေမှာ မချစ်ဖူးနေမှာ "

" ရွှေခဲလည်း အဲ့လို့ပဲထင်တယ် ယုန်လေးဖြူဖွေးနဲ့  ဝံကြီးမာတို "

" ကိုကို ငါကို အရမ်းချစ်ပါတယ် "

" အဲ့ဒါဆို မှော်ဆရာ ပူတူးလေးကို နမ်းလား "

" နမ်းတယ် "

" တကယ်လား ဘယ်ကိုလဲ "

အားတက်သရော ဝိုင်းမေးတဲ့ ငှက်များနဲ့  ယုန်လေးဖြူဖွေး  ဝံကြီးမာတို "

ကျွန်တော်အသံကို တိုးညင်းစွာနဲ့

" နဖူးကို "

" တွေ့လား ငါတို့လို့ပဲ အတူတူပါဆို "

" မတူဘူး ကိုကိုကငါကို ပိုချစ်တယ် "

ပူတူးလေး { ပူတူးေလး }Where stories live. Discover now