သရဲ မိစ္ဆာကြီး လိုက်လာတယ်... ပြေးကြ.. (သရဲ မိစၧာႀကီး လိုက်လာတယ်... ပြေးကြ..)

1.2K 98 6
                                    

"သရဲ မိစ္ဆာကြီး လိုက်လာတယ်... ပြေးကြ..ပြေးကြ...."

များမကြာသေးခင်ကာလက ပီရူးနိုင်ငံမှ ကျောင်းသား ကျောင်းသူတို့ တယောက်ပြီးတယောက် ဆက်တိုက် လဲကျသွားကြသည်။သူတို့သည် ဝက်ရူးပြန်သကဲ့သို့ ပါးစပ်မှ အမြှုပ်များထွက်လာကြသည်။ကျောင်းတခုလုံးတွင် ကြောက်လန့်တကြား ပြေးကြလွှားကြ အော်ကြဟစ်ကြသော အသံတို့ဖြင့်ကမ္ဘာပျက်နေတော့သည်။

*********************

ပီရူးနိုင်ငံ (Peru) မြောက်ပိုင်းရှိ တာရာပိုတို (Tarapoto) ဟူသော ဒေသရှိ အယ်ဆာ ဖယ်ရက်ဆာ ဖလိုးရက်စ် (Elsa Perea Flores School)ဟု အမည်ရှိသည့် ကျောင်းတွင် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

မကြာသေးခင်ကဖြစ်သည်။

*********************

၂၀၁၆ မေလ ၁၈ ရက်နေ့

ဆရာမက စာသင်နေစဉ် ကျောင်းသူ တယောက် သည် ရုတ်တရက် ကြောက်လန့်စွာအော်ဟစ်၍ တက်သွားတော့သည်။

ထိုနေ့တွင် ကျောင်းသူ ကျောင်းသားတယောက်ပြီးတယောက် ၎င်းနည်းတူ ဆက်တိုက်ဖြစ်လေတော့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ အထိန်းအကွပ်မဲ့စွာဖြင့် ကြောက်လန့် အော်ဟစ်၍ ပြေးလွှားကြတော့သည်။

"သရဲ မိစ္ဆာကြီး လိုက်လာတယ်... ပြေးကြ..ပြေးကြ...."

ထိုဖြစ်ရပ်တို့သည် ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကထဲက တစ်ယောက်စ နှစ်ယောက်စ စတင်ဖြစ်ပွားခဲ့ပြီး မေ ၁၈ ရက်တွင်မူ အစုလိုက် အပြုံလိုက်ဖြစ်ကုန်ကြသည်။ထိုနေ့အထိ ဝက်ရူးပြန်၍ လဲကျသူ ကျောင်းသားများ ၈၀ ကျော်ပြီဖြစ်သည်။

*********************

ကျောင်းသား ကျောင်းသူတို့သည်...

* အသက် ၁၁-၁၄ ကျောင်းသား ကျောင်းသူများဖြစ်ကြသည်။

* ပထမတွင် ကျောင်းသားတို့ အော်ဟစ်ကြသည်။

* ကြွက်တက်သလို တကိုယ်လုံးရှိ ကြွက်သားများရုန်းကန်နေသည်။

* လဲကျသွားကြသည်။

* ပါးစပ်မှအမြှုုပ်များထွက်လာသည်။

Koreaနိုင်ငံ၏မှုခင်းများ (Koreaနိုင်ငံ၏မှုခင်းများ) [Book-1]Where stories live. Discover now