လူအများကိုအံ့သြစေသည့်မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်သည့်ထိပ်တန်းစာရင်းဝင်သတင်း

936 62 2
                                    

အပိုင်း (၁)

လူအများကို အံ့သြစေသည့် မြောက်ကိုရီးယားနိုင်ငံနှင့်ပတ်သက်သည့်ထိပ်တန်းစာရင်းဝင် သတင်း (၁၀)ခု

***********************

🌟သတင်း -(၁)🌟

မြောက်ကိုရီးယားအစိုးရ ၄ ကြိမ်မြောက်နူးကလီးယား စမ်းသပ်ရခြင်းအကြောင်းအရင်း။

"ငါတို့မြေမှာငါတို့ ရေဒီယိုလွှင့်တာဘဲ..မကြားချင်ရင် နင်တို့နားပိတ်ထားပေါ့"

"နားမပိတ်ထားချင်ရင် နင်တို့ဘက်က နယ်စပ်တံတိုင်းကို အသံလုံအောင်ကာပေါ့"

တောင်ကိုရီးယားနိုင်ငံဖက်မှပြောသောစကားများဖြစ်သည်။

နယ်စပ်၌ အားကောင်းသော လော်စပီကာအကြီးကြီးများကို မြောက်ကိုရီးယားနိုင်ငံဖက်ကိုလှည့်ကာ ရေဒီယို အကျယ်ကြီးဖွင့်ထားသည်။

တောင်ကိုရီးယားနိုင်ငံမှ ထိုကဲ့သို့ အသံလွှင့်မှုများကို မြောက်ကိုရီးယားနယ်စပ်ဒေသတလျှောက် ကောင်းစွာကြားရစေရန် တမင်သက်သက် ရည်ရွယ်သည်။

***********************

တောင်ကိုရီးယားနိုင်ငံဖက်မှ မြောက်ကိုးရီးနိုင်ငံအတွက် အသံလွှင့်ပေးသော ရေဒီယိုအသံလွှင့်ဌာနဖွင့်လှစ်ထားသည်။

ထိုအသံလွှင့်ရုံကို နယ်စပ်ရေဒီယိုဟုလည်းခေါ်သည်။ (Border Broadcasts)

ထိုရေဒီယိုမှပြောကြားချက်များကို လော်စပီကာများမှ တိုက်ရိုက်လွှင့်ပေးသည်။

ထိုအသံသည်မြောက်ကိုရီးယား နယ်စပ် ခြံစည်းရိုးတံတိုင်းမှ ၂၄ ကီလိုမီတာအထိ ပြတ်သားစွာကြားနိုင်အောင် ကျယ်လောင်သည်။

***********************

မြောက်ကိုရီးယားအစိုးရသည် ထိုရေဒီယို စပီကာများကို ကြောက်ရွံ့သည်။

အဘယ်ကြောင့် ကြောက်ရွံ့သနည်း..?

ထိုအသံလွှင့်ရုံတွင်

"ငါတို့နင်တို့ထက်ချမ်းသာတယ်။ နင်တို့ထက်သာတယ်...။ နင်တို့ အစိုးရက လိမ်နေတာ..."

ဟူသောစကားများဖြင့် တိုက်ခိုက်နေသည်လား?

မဟုတ်ပါ။

Koreaနိုင်ငံ၏မှုခင်းများ (Koreaနိုင်ငံ၏မှုခင်းများ) [Book-1]Where stories live. Discover now