အဖေ့ မျက်ရည် (အေဖ့ မ်က္ရည္)

724 77 1
                                    

🌟အဖေ့ မျက်ရည်🌟

အဲဒီနေ့က၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်ပေါ့

အဘိုးအိုတစ်ယောက်ဟာ လူတွေမတွေ့အောင် အိမ်သာထဲဝင်ပြီး ခံပြင်းစွာနဲ့ထိုင်ငိုနေတယ်။ အဘိုးအိုငိုခဲ့ရတာ အခုဆို ၁၉ နှစ်ရှိပါပြီ..။

အဘိုးအိုဟာ အရင် တွေးနေကျအတိုင်း တွေးလိုက်တယ်။

" ငါ..ငိုနေလို့မဖြစ်ဘူး။ သမီးလေးစောင့်နေရှာတော့မယ်...။ သမီးလေးမှာ အားကိုးစရာဆိုလို့ငါပဲရှိတာ.."

အိမ်သာထဲကထွက်ပြီး သတင်းထောက်တွေအရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။

***********************************

ဓာတ်ပုံရိုက်သံတွေ အဆက်မပြတ်ကြားနေရတယ်။ မိုက်ခ်ပေါင်းများစွာ သူ့အရှေ့ကို တိုးဝှေ့လာတယ်..။ သတင်းထောက်တွေရဲ့မေးခွန်းထုတ်တဲ့ အသံတွေနဲ့ ဆူညံသွားတယ်..။

"ကျွန်တော့်ကို မကယ်နိုင်ကြတော့ဘူးလားဗျာ။ ငွေမရှိတဲ့ ဆင်းရဲသားတွေကို ပြီးရင်ပြီးရော ပစ်စလက်ခတ် လုပ်ခဲ့တဲ့ ရဲထောက်လှမ်းရေးတွေကို ကျွန်တော် တစ်သက်မကြေဘူး...။ ကျွန်တော့် သမီးလေး....."

အဘိုးအို စကားဆက်မပြောနိုင်တော့...။

တာဝန်ရှိသူက သတင်းထောက်တွေကို အော်ပြောလိုက်တယ်..။

"နားပါစေတော့ဗျာ ..သူ့ခင်မျာ ပင်ပန်းလှပါပြီ"

***********************************

လွန်ခဲ့တဲ့ ၁၉ နှစ်ကပေါ့..

၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၆ရက်

တောင်ကိုရီးယား-ဒဲဂုမြို့ ( Daegu- South Korea )

ဂင်မြောင်းတက္ကသိုလ်- Keimyung University

အဲဒီညဟာ လှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ညတစ်ခုဖြစ်ခဲ့တယ်။

ဒဲဂုမြို့ တက္ကသိုလ်မှာ ပျော်ပွဲရွှင်ပွဲ နောက်ဆုံးနေ့ဆိုတော့ အစည်ဆုံးပေါ့..။

ဂျုံး (Jong )ဆိုတဲ့ မိန်းမလှလေးတစ်ယောက်အတွက်တော့ အရာအားလုံး အသစ်တွေပါပဲ..။ အခုမှ အထက်တန်းအောင်ပြီး တက္ကသိုလ် စပြီးတက်ခါစ ..,။ အသက် ၂၀ ပင်မပြည့်သေးတဲ့ ရိုးသားဖြူစင်သူလေးတစ်ယောက်ပေါ့...။ သူမအသက် ၁၈ နှစ်ပဲရှိပါသေးတယ်...။

Koreaနိုင်ငံ၏မှုခင်းများ (Koreaနိုင်ငံ၏မှုခင်းများ) [Book-1]Where stories live. Discover now